အပိုင်း (၆၄)

Start from the beginning
                                    

"မြင်းသံ… မြင်းသံလား…."

"မြေပြင်က တုန်ခါတာ အားပြင်းတယ်… ငါတို့နဲ့ နှစ်မိုင်လောက် ဝေးဦးမယ်… လူအင်အား တစ်သိန်းလောက်တော့ ရှိမယ်ထင်တယ်…."

မြေကြီးပေါ်နားနှင့်ကပ်ပြီး နားထောင်နေသူက ကောက်ချက်ချသည်။

"ဒါ ဘယ်သူ့ဘက်က ဖြစ်နိုင်မလဲ…. နဂါးနီ ဘက်ကလား…. ဒါမှမဟုတ် ငါတို့ ရွှေလင်းယုန်တပ်ကလား…"

"ကူမယ့်သူလား… ရေနှစ်မယ့်သူလား သေချာမပြောနိုင်ဘူး…"

"ကျနော် လင့်စင်ပေါ် သွားတက်ကြည့်မယ်…"

"သတိထားဦး…"

စစ်သည်တစ်ဦးက လင့်စင့်ပေါ် မျောက်တစ်ကောင်အလား ဖျတ်လတ်စွာပင် တက်သွားပြီး အခြေအနေကို စုံစမ်းသည်။ အားလုံး၏မျက်လုံးများက လင့်စင်ပေါ်သို့သာ။ စစ်သည်က အောက်ဘက်ကို ပြေးဆင်းလာပြီး

"ရွှေလင်းယုန်တပ်… ရွှေလင်းယုန်တပ်ကပဲ… ကျနော်တို့ကို စစ်သူကြီးက မပစ်ထားဘူး… ကျနော်တို့ မသေနိုင်တော့ဘူး…."

"စစ်သူကြီး… သူပါ ပါလာတာလား… မင်းသူ့ကို တွေ့လိုက်လား…"

"ကျနော်သေချာမမြင်ရပေမယ့် စစ်သူကြီးမပါလာလည်း ဘာဖြစ်လဲ… ကျနော်တို့ကို ရွှေလင်းယုန်တပ်က လာကယ်ပြီပဲ…"

"စစ်သူကြီး ဒီအထိ လာမှာ မဟုတ်လောက်ဘူး…"

ပျော်ရွှင်စွာ ပြောဆိုနေကြသော စစ်သည်တို့သည် မိမိတို့၏ ဓါး၊ လှံ၊ လက်နက်များကို အပြေးအလွှား ဆွဲထုတ်ကြသည်။ မို့ရန်လည်း သူမ၏ဓါးကို ဆွဲထုတ်ပြီး အစ်ကိုငါးနှင့် အစ်ကိုကြီးဖူနား သွားကပ်သည်။ မြင်းခွာသံများသည် တဖြည်းဖြည်းနှင့် နီးကပ်လာပြီ။ သူမတို့အားလုံးက အခြေအနေစောင့်ကြည့်ရန် ခံတပ်အပေါ်နားထိတက်သွားပြီး ကျိုးပျက်နေသည့် အုတ်ဘောင်ရိုးများကိုကွယ်ကာ စစ်သလင်းပြင်သို့ ချောင်းကြည့်ကြသည်။ ရွှေလင်းယုန်တပ်က အမှန်တကယ်ပင် ရောက်လာချေပကော။ လူအင်အားက များပြားလွန်းလှသော်လည်း ထိုစစ်သည်ထင်သလို စစ်သည်တစ်သိန်းလောက် မဟုတ်။ အင်အား တစ်သောင်းမျှသာ။ ထူးဆန်းသည်က နဂါးနီတပ်၏ အရိပ်အယောင်သော်မျှ မမြင်သေး။ သူတို့တွေ…
"ဘုရားရေ…"

မို့ရန် အာမေဍိတ် တလိုက်မိသည်။ နောက်ကွယ်မှ ဝင်ရောက်တိုက်ခိုက်ခြင်း။ ရန်သူတပ်က ဒီလိုနည်းလမ်းမျိုးနှင့် အလစ်ဝင်တိုက်ခဲ့သဖြင့် သူမတို့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည်ကို သတိရသွားသည်။ အော်ဟစ်သတိပေးရလောက်အောင်ကလည်း ခံတပ်နှင့် ဝေးလွန်းသေးသဖြင့် အဆင်မပြေ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ သူမစိတ်ထဲ ဗျာများနေပြန်သည်။ သိပ်မကြာလိုက်။ တိုက်ခိုက်ရန်အချက်ပြသည့် ခရာမှုတ်သံကို ကျယ်လောင်စွာ ကြားရလေသည်။ အင်အားမျှသည် မမျှသည်ကို သူမတို့တတွေ ဂရုမစိုက်နိုင်တော့။ လက်နက်များကိုင်ဆွဲပြီး တိုက်ပွဲရှိရာသို့ မြို့တံခါးကိုဖွင့်ပြီး ပြေးဝင်သွားကြတော့သည်။

ကြင်ယာတော် "မို့ရန်"On viuen les histories. Descobreix ara