Chen : " ငါ့အိမ်ကိုတော့ မင်းတို့သိကြတဲ့အတိုင်းပဲ ငါဘာလုပ်လုပ်တားလို့မှမရတာ ။ဒယ်ဒီက အရမ်းဒေါသထွက်နေတာ။ ဒါပေမဲ့ ခွင့်ပြု ပေးခဲ့တယ်လေ ။ စောင့်ကြည့်နေမယ်တဲ့။ ကိုယ်ရွေးချယ်တဲ့လမ်းကို နောင်တမရစေနဲ့တဲ့။ အခုတော့တရားဝင်မတွဲပဲနဲ့ ကျောင်းပြီးမှ တရားဝင်တွဲတဲ့လေ "

KS : " တော်သေးတာပေါ့ မင်းတို့...."

KS အလျင်အမြန်ပါးစပ်ပိတ်လိုက်ရတယ်။ sehun နဲ့ suho ကတော့ ဘာမှမကြားစွာ ။ မကြားတာလဲ မကြားချင်ယောင်ဆောင်နေတာလားတော့သူတို့ပဲသိမည်။ သူတို့စကားဝိုင်းက အချိန်တစ်ခုထိ ငြိမ်သွားခဲ့ပေမဲ့

Chen : " Baek ကလည်းဘာကြောင့်ထွက်သွားမှန်းမသိဘူး ။ "

KS : " ငါ့ဆီကို ph ဆက်တော့ သူ Tao နဲ့ လေဆိပ်မှာတဲ့။ "

Minseok : " အကုန်လုံးက ငါ့ဆီ message တစ်စောင်ပို့ပြီး ပျောက်သွားကြတာ။ "

Chen : " Kai နဲ့ Chanyeol ကိုလည်းအဆက်သွယ်မရသေးဘူး။ KS မင်း Chanyeol အဆက်သွယ်မရဘူးလား။  "

KS ခေါင်းရမ်းပြကာ

KS : " ဟင့်အင်း "

Minseok : " Kai ကတော့ ဖြစ်သွားတာတွေ နားမလည်နိုင်သေးဘူးထင်တယ်။သူအရင်ဆုံးသိတယ်လားလို့"

Kai : " ဟုတ်တယ် နားမလည်နိုင်သေးဘူး။ ဘယ်လိုတွေးတွေး နားကိုမလည်တာ။ စဥ်းစားကြည့်ပါဦး။ ငါတို့ 12 ယောက် ဒီမှာသွားလာနေတုန်းက အကောင်းလေ အခုမှဘာကြောင့်လဲ ။ "

Kai ဘယ်ကနေရောက်လာလဲတော့မသိပေမဲ့ လွယ်အိတ်ကိုစောင့်ချကာ ဒေါသတကြီးပြောနေတော့တယ်။ နောက်တော့ Chan ပါရောက်လာကာ

Chan : " နားလည်ပေးလိုက်ပါကွာ။သူတို့တွေအကုန်လုံက တစ်ဦးတည်းသောသားတွေလေ ။ တစ်ဦးတည်းသောသားမဟုတ်တောင် အငယ်ဆုံးသားတွေ သူတို့ဘယ်လက်ခံနိုင်ဦးမလဲ အချိနိတစ်ခုတော့ပေးရမှာပေါ့"

သူတို့အကုန်လုံးမတိုင်ပင်ပဲနဲ့သက်ပြင်းကိုယ်စီချလိုက်မိကြတယ်။

Chan : " suho ဒီမှာ မင်းကို yixing ပေးသွားတာ။ သူကိုစောင့်နေပါတဲ့။"

Suho Chan ပေးတဲ့ လက်စွပ်လေးကို ယူကာ ဘာမှမပြောဘဲ အသံတိတ်ငိုနေခဲ့တယ်။

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now