Chapter (2) တုဝေကောင်း / တုဝေကောင်း

Start from the beginning
                                    

ချူးပိုင်က တုဝေကောင်းကိုသူငယ်တန်းကျောင်းမှာတွေ့ခဲ့သည် အဲ့အချိန်တုန်းက တုဝေကောင်းကကျောင်းပြောင်းလာရုံပဲရှိသေးပြီး သူကလည်းတုဝေကောင်းကိုရန်သူတော်ကြီးအဖြစ်မသတ်မှတ်ထားသေးပေ သူ(တုဝေကောင်း)ကိုကြည့်လိုက်ချိန်မှာ သူကအရမ်းကိုချစ်ဖို့ကောင်းပြီးချောတဲ့ကောင်လေးတစ်ယောက်ဖြစ်နေတာတွေ့ရတော့ ချူးပိုင်ငယ်လေးရဲ့စိတ်ထဲမှာအနည်းငယ်တုန်လှုပ်သွားသလိုပင်

အရမ်းကိုသေချာသွားပြီ နေ့လည်ရောက်တော့သူ့ကိုမုန့်ပေးနေကျဆရာမက သူ(တုဝေကောင်း)ကို ကျန်တဲ့မုန့်တွေပေးလိုက်သည် ချူးပိုင်ငယ်လေးရဲ့စိတ်ထဲမှာဒေါသတွေနဲ့ပြည့်နှက်လာရတော့သည် တကယ်လို့ဒီလိုအရသာရှိတဲ့မုန့်တွေသာမူကြိုကျောင်းမှာမကုန်သွားဘူးဆိုရင် သူ့ရဲ့ကာတွန်းတွေကိုဖျက်ပစ်ပြီး ဒီလိုကလေးဆန်တဲ့နေရာကိုလာမှာမဟုတ်ဘူး

ဒေါပွနေတဲ့ဒုတိယသခင်လေးချူးရဲ့မျက်နှာဟာနီရဲနေပြီး နှုတ်ခမ်းတွေကိုလည်းစူထားသေးသည် တုဝေကောင်းငယ်လေးက သူ့ဘေးနားမှာမထိုင်ခင်စပျစ်သီးလိုမျက်လုံးတွေနံ့ချူးပိုင်ကိုစိုက်ကြည့်နေသေးသည် သို့သော်လည်း ဘယ်လိုပြောရမှန်းမသိတာကြောင့် စားပွဲခုံအလယ်ကိုသူ့ရဲ့ပန်းကန်ပြားကိုတိတ်တဆိတ်ရွေ့လိုက်သည်

ဒီလိုရွေ့လိုက်တာကြောင့် ချူးပိုင်ငယ်လေးရဲ့ပန်းကန်ဟာလည်း စားပွဲထိပ်သို့တွန်းခြင်းခံလိုက်ရတော့သည် တုဝေကောင်းငယ်လေးရဲ့စိတ်ထဲကအတွေးကိုသေချာမသိဘဲ ဒီဟာကိုရန်စတယ်လို့မှတ်ယူထားလိုက်တော့သည် ချူးပိုင်အရမ်းပဲဒေါသထွက်သွားတာကြောင့် ခုန်အုပ်လိုက်ပြီး တုဝေကောင်းငယ်လေးရဲ့အရိုးကိုသူ့ရဲ့သွားတွေကျွတ်ထွက်သွားတဲ့အထိကိုက်ချလိုက်တော့သည်

မကျေနပ်မှုတွေနဲ့ကျိုးသွားတဲ့သွားရဲ့နာကျင်မှုက အိပ်နေရင်းမျက်မှောင်ကြုံ့ပြီးလူးလွန့်သွားအောင်လုပ်နိုင်စွမ်းရှိသည် အိပ်မက်ဟာပြောင်းသွားပြီး သူတို့အထက်တန်းကျောင်းအချိန်သို့ရောက်သွားသည်

အဲ့အချိန်တုန်းက သူ့ရဲ့မိဘတွေဟာသူ့အလုပ်နဲ့သူရှုတ်နေကြပြီး သူ့အစ်ကိုဟာလည်း နိုင်ငံခြားမှာရောက်နေသည် အဲ့ဒါတွေအားလုံးက သူ့ဂျူနီယာအလယ်တန်းကျောင်းသားဘဝတုန်းက စားသောက်ဖို့ ကစားဖို့ချည်းမက်မနေအောင်လုပ်ပေးခဲ့တဲ့ စီနီယာအမကြီးရဲ့ကျေးဇူးကြောင့်ပဲ

တကယ်တော့ ငါ့ရန်သူက ငါ့ကိုတိတ်တိတ်လေးချစ်နေတယ် [ဘာသာပြန်] ✔️Where stories live. Discover now