ဟုပြောနေရင် ရေချိုးခန်းဆီကို အကြည့်ရောက်သွားလေသည်။ တကယ်ပါ ရေချိုးခန်းထဲရောက်နေတဲ့ KS ကြားအောင် အော်သွားသေးတယ်။သူခေါင်းရမ်းလိုက်ပြီး အင်္ကျီကလဲကာ KS အတွက်အင်္ကျီရွေးနေရင်း မနေ့ညက အဖြစ်အပျက်တွေက အစီအရီ။ မနေ့ညက အိပ်ပျော်နေတဲ့ KS ကို ပွေ့ချီလာကာ Ks တို့အခန်းကိုသွားပေမဲ့ Baek နဲ့ Chen က အိပ်နေတာကြောင့် သူတို့အခန်းဆီကိုပဲ ခေါ်ခဲ့လိုက်တော့တယ်။ သူအိပ်ရာပြန်ပြင်ချင်တာကြောင့် Kai အိပ်ရာပေါ်မှာ ခနထားအိပ်ခိုင်းထားကို ပြောမပြီးနိုင်။ နောက်တော့ KS ကို သူ့အိပ်ရာပေါ် ပြောင်းအိပ်ခိုင်းလိုက်ရတာ။ ဘယ်လောက်တောင် ပင်ပန်းနေလို့လဲမသိ ခနခနပွေ့နေတာကိုတောင် တရေးမှ မနိုး။  အအိပ်သန်တဲ့ ပင်ဂွင်းပေါက်။ သူကတော့ Kai အိပ်ယာ အိပ်လိုက်တယ်။ အဲ့တာကို သူ့အိပ်ယာ လာအိပ်လို့တဲ့လေ။ မအိပ်တက်ဘူးဆိုကာ ဆိုဖာပေါ်သွားအိပ်တယ်။
သူကတော့ အိပ်ပျော်နေတဲ့ KS ကို ကြည့်ကာဘဟ်အချိန် အိပ်ပျော်သွားမှန်းတောင် မသိလိုက်။

မနက်ကျတော့ kai ကြောင့်ဘဲ နိုးလာရတာ။ သူကတော့ ဘာတွေ တက်ကြွနေလည်း မသိ အစောကြီးနိုးနေတာ။ ဝင်လိုက်ထွက်လိုက်နဲ့ မျက်စိကိုနောက်နေတာပဲ။ သူလည်းပြန်မအိပ်တော့ဘဲ အိပ်ရာမှထကာ လေ့ကျင့်ခန်းလုပ်ပြီး ရေမိုးချိုးကာ မနိုးသေးတဲ့ KS ကိုထားခဲ့ပြီး kris တို့ဆီကို ထွက်လာတော့ ဘာတွေလုပ်နေကြမှန်းမသိ ။ သူတို့လျောက်လည်ကြမှာမှန်ပေမဲ့ အဲ့လောက်ထိ ပျာလောင်ခတ်နေတာတော့ မဟုတ်သေး။ နောက်ပြီး Ks သူ့အခန်းမှာ အိပ်တဲ့အကြောင်း စလို့မပြီးနိုင်။ ၁၀ ယောက် ၁ ယောက်ဆိုတော့လည်း သူမနိုင်။ KS နိုးမနိုးကြည့်ဖို့ထွက်လာခဲ့တော့တယ်။ သူအတွေးလွန်နေတုန်း

KS : " Chan... Chan ....Chan Yeol...... Yeolli !!! "

Chan : " aww အင်း KS "

KS : " ဘာတွေ အတွေးလွန်တာ တုန်း "

Chan : " ဘာမှမဟုတ်ပါဘူး ဒီအတိုင်းပဲ "

KS : " ငါ့မှာ ဝတ်စရာမရှိ "

Chan : " ဒီမှာ Baek လာပေးသွားတာ။ "

Ks : " အာ ကျေးဇူးပဲ "

Chan : " ရပါတယ် ။ အဝတ်လဲပြီးထွက်လာခဲ့လေ အခန်းရှေ့က စောင့်မယ် "

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now