Ep 6 - လွမ်းတယ်

Start from the beginning
                                    

"တော်တော့်ကိုဖြစ်နေတာတော့ဟုတ်ပါတယ် မင်းစဉ်းစားကြည့်ကွာ သူက အဖက်ဖက်ကပြည့်စုံတာကြီး ရုပ်ချောတယ် စမတ်ကျတယ် တော်ကလဲတော်သေးတယ် မလုပ်နိုင်တာဆိုလဲ မရှိသလောက်ပဲ မိသားစုကလဲချမ်းသာတယ် အဲဒီတော့ အားကျစရာကြီးလေ အဲဒါကြောင့်သဘောကျတာလေ"

"အဲဒါဆို မင်းဒီနေ့သူမလာတာ ဘာလို့စိတ်ညစ်နေလဲ"

"ဟာ အဲဒါကတော့ ကိုယ့် idol မလာတော့ စိတ်ညစ်တာပေါ့"

ဟုတ်တယ်လေ။ မင်းတို့ရော ကိုယ့် idol နဲ့တွေ့ရမယ့်လို့သေချာနေပြီးမှ မတွေ့ရရင် စိတ်မညစ်ဘူးလား။ ကိုကြီးက ရိုးရိုးသားသား စိတ်ညစ်တာပါ အဲဒါကို ကျိရန်ကအထင်လွဲနေသေးတယ်၊ ခက်တယ်။

"ရှောင်းကျန့် ကိုယ့်စိတ်ကိုယ်မသိသေးတာဖြစ်မှာပါ မင်းသူ့ကိုဟိုလိုကြိုက်နေတာ"

"မဟုတ်ပါဘူးဆိုကွာ"

"အေးပါ မင်းငြင်းထား ပီးမှ ကျိရန်ရေ ငါရိပေါ်ကိုကြိုက်လို့ ဘယ်လိုလုပ်ရမလဲလို့ လာကူညီခိုင်းမှ ဘာမှမကူညီပဲနေမယ် ကြည့်ထား"

"ဘယ်တော့မှ ဒီလိုမဖြစ်စေရဘူး"

တီဗီမှာ ခဏခဏလာတဲ့ကြော်ငြာထဲက ကလေးအိုက်တင်နဲ့ပြောလိုက်တော့ ကျိရန်ကမျက်စောင်းထိုးသည်။ ဒီကောင့်မျက်စောင်းက ရိပေါ်လေးထိုးသလိုလဲကြည့်မကောင်းဘူး။

ဒါနဲ့ နေစမ်းပါအုံး ငါကမဆီမဆိုင် ဘာလို့ရိပေါ်ကို သတိရသွားပြန်တာလဲ။ အော် ခုနက ကျိရန်နဲ့ ရိပေါ်အကြောင်းတွေပြောနေလို့ဖြစ်မှာ၊ ရိပေါ်လေးက ငါ့ idol လေ။ သတိရလက်စနဲ့မထူးပါဘူး ရိပေါ် မက်ဆေ့ခ်ျလေးဘာလေးများ ပို့ထားလေမလားဆိုပြီး ဖုန်းကိုဖွင့်ကြည့်တော့ ဘာမက်ဆေ့ခ်ျမှပို့မထားဘူး။ နေပေါ့။ ဖုန်းယူကြည့်မိရင်းနဲ့ ဒီနေ့ရက်စွဲကို ရှောင်ကျန့်သတိထားကြည့်မိသွားသည်။ ငါတော့သေပြီ။

"ကျိရန် ကျိရန် ငါဒီနေ့ ကျောင်းကဆရာလျှိုကို စာလာမေးမယ်လို့ချိန်းထားတာ မေ့နေတယ် သွားတော့မယ် ဟေ့ကောင်"

"ဟေ့ကောင် ရှောင်းကျန့် ဒီည ရုပ်ရှင်ကြည့်မယ်ဆိုပီး ငါလက်မှတ်ဖြတ်ထားတာလေ"

My Gym Trainer (Completed)Where stories live. Discover now