Chapter 10 : Childhood Sweetheart (5)

2.7K 657 8
                                    

Zawgyi version

အခန်း (၁၀) ငယ်ချစ်ဦး

Xiwei မိတ်ဆက်ပြီးသွားတဲ့အချိန်မှာတော့ အကုန်လုံးက အံသြ သွားခဲ့တယ်။ ဒါပေမယ့် သူဂရုမစိုက်ပါဘူး။သူက တည့်တိုးပြောလိုက်တာက Klaire ရဲ့ "သူက omega ဖြစ်တာကြောင့် သူ့ကို ကာကွယ်ပေးကြပါ "ဆိုတဲ့စကားကို မုန်းလို့ဖြစ်တယ်။ ဘယ်သူက မင်းကာကွယ်တာကို လိုနေလို့လဲ။

သူကဒီလူတွေနဲ့ ၉ နှစ်တောင်နေရမှာဖြစ်လို့ ဒီအချိန်အတွင်းမှာ Xiwei က "ငါမင်းကိုကာကွယ်ပေးချင်တယ်" ဆိုတဲ့စကားကိုမကြားချင်ဘူး ။ တွေးကြည့်ရုံနဲ့တင် ကြက်သီးထတယ်။

Xiwei မိတ်ဆက်ပြီးတဲ့အခါမှာတော့ နောက်အလှည့်က Aiden ဖြစ်တယ်။ Xiwei ရဲ့ တည့်တိုးဆန်ပြီး ကြမ်းတမ်းတဲ့ အမူအရာနဲ့ယှဉ်ရရင် Aiden မှာက Omega တစ်ယောက်ရဲ့ အပြုအမူတွေရှိတယ်။သူကချစ်ဖို့ကောင်းပြီး ကောင်းစွာပြုမူတယ်။သူကအရှေ့ကထွက်လာပြီး ပြုံးလိုက်တယ်။ပြီးတော့ ရှက်ရွံ့စွာနဲ့ နူးညံ့တဲ့ အသံလေးနဲ့ပြောလိုက်တယ်။
"အားလုံးဘဲငါ့နာမည်က Aiden ပါ..."

သူက အားလုံးရဲ့အကြည့်တွေအောက်မှာဘဲ မေ့လဲသွားခဲ့တယ်။

အကုန်လုံးက ကြောင်သွားကြတယ်။ ပထမဆုံးသတိဝင်လာခဲ့သူက Xiwei ဖြစ်တယ်။သူက အရှေ့ကိုပြေးလာပြီ Aiden လက်ကိုကိုင်လိုက်ကာ
"Aiden ဘာဖြစ်တာလဲ။ငါပြောတာကိုကြားလား"

ဆရာမ Kelly ကလည်း ကြောက်သွားတယ်။သူကအတန်းတွေအများကြီးသင်ဖူးပေမယ့် Xiwei ကတော့ ထူးခြားတဲ့ omega ဖြစ်တယ်။သူမက Xiwei ရဲ့ ကျယ်လောင်ပြီး ယုံကြည်မှုအပြည့်ရှိတဲ့ မိတ်ဆက်မှုကို လန့်နေတုန်းမှာဘဲ တခြား Omega က မေ့လဲသွားတယ်။

Kelly ကတွေးနေတာကိုရပ်လိုက်တယ်။သူမက ဖျော့တော့နေတဲ့ ကလေးလေးကိုကြည့်လိုက်ပြီး သူ့ကိုချက်ချင်းမလိုက်ကာ "ဆရာမသူ့ကို ကျောင်းဆေးပေးခန်းကိုခေါ်သွားအုံးမယ်"

Xiwei က သူမနောက်ကိုလိုက်သွားလိုက်ပြီး Klaire က Xiwei နောက်ကိုလိုက်သွားခဲ့တယ်။

အတန်းထဲမှာ ကျန်ခဲ့တဲ့ Alpha နဲ့ Beta ကျောင်းသားတွေဟာ အချင်းချင်းကြည့်လိုက်ကြတယ်။သူတို့အတန်းထဲမှာ Omega နှစ်ယောက်ရှိတယ်။ တစ်ယောက်က Alpha တွေထက်တောင် ကြောက်ဖို့ကောင်းပြီး နောက်တစ်ယောက်ကတော့ သူ့ကိုယ်သူ မိတ်ဆက်ပြီးတဲ့ အချိန်မှာ မေ့လည်းသွားတယ်။
ဒီအတန်းက အဆင်ပြေရဲ့လား။

 <ဘာသာပြန်>Where stories live. Discover now