Chapter 5 : Truth (2)

3.1K 716 25
                                    

Zawgyi version

အခန်း(၅) အမှန်တရား

Xiwei ဟာ သူမှားပြီးတွေးခဲ့တဲ့ ယူဆချက်တွေကိုအခုတော့ အကုန်လုံးရှာတွေ့ခဲ့ပြီ။ မျိုးရိုးဗီဇခွဲခြားခြင်းပြုလုပ်တုန်းက သူ omega ဖြစ်တယ် ဆိုတာကို ဖန်သားပြင်ကြီးပေါ်မှာပြခဲ့တယ်။အဲ့တုန်းက သူဟာ အကောင်းမြင်စွာနဲ့ Omega ဆိုတာ စိတ်စွမ်းအား အများကြီးရှိတဲ့ ကလေးတွေကို ခေါ်တယ်လို့ထင့်ခဲ့တယ်။ သူရဲ့ဦးလေး Berg က "မင်းကငါလို့မျိုး နန်းတော်ထဲမှာဘဲနေရလိမ့်မယ်။မင်းအသက်ကြီးလာတဲ့အချိန်ကျရင် အရှင် Trent ကမင်းနဲ့သင့်တော်တဲ့ Alpha ကိုရှာပြီး လက်ထပ်ပေးလိမ့်မယ်" လို့ပြောခဲ့တုန်းက သူက အကောင်းမြင်စွာနဲ့ ကလေးမွေးမယ့်သူက Alpha လို့ထင်ခဲ့တယ်။

သိလိုက်ရတာကတော့ အကောင်းမြင်စိတ်များလွန်းရင်လည်းမကောင်းဘူးဆိုတာပါဘဲ။ဘာလို့လဲဆိုတော့ အမှန်တရားကခါးလွန်းနေတယ်။

အမှန်တော့ Omega တွေဟာ ကလေးမွေးနှုန်း မြင့်မားပြီး ထိန်းသိမ်းစောင့်ရှောက်ခံတွေဖြစ်တယ်။ အသက်ကြီးလာရင်တောင်မှ နှစ်တိုင်း Heat ဖြစ်ပြီး ပုံမှန်စိတ်အခြေနေမရှိတဲ့အချိန်ကိုတောင် ကြုံရအုံးမယ်။ "ချိုမွှေးပြီးဆွဲဆောင်မှုရှိတဲ့ အနံ့တွေကို အနီးအနားမှာရှိတဲ့ Alpha တွေကိုဆွဲဆောင်ဖို့ ထုတ်လိမ့်မယ် " အဲ့တာကဘာလဲ ငရဲသာ သွားလိုက်တော့။

အရင်တုန်းက အရှင်မင်းကြီး သူ Omega ကဖြစ်တယ်ဆိုတာကြားတော့ သိပ်မပျော်ရွှင်တာက ဒါကြောင့်ကို။ ဘာလို့လဲဆိုတော့ Omega မင်းသား ဟာ Alpha လောက် အသုံးမဝင်လို့ဘဲ။Omegaမင်းသား တွေက အရွယ်ရောက်လာတဲ့အချိန်မှာ Aplha တစ်ယောက်နဲ့ လက်ထပ်ပြီး ကလေးမွေးဖို့ စောင့်နေချိန်မှာတော့  Alphaမင်းသားတွေက တိုက်ခိုက်နိုင်ပြီး ထီးနန်းကို ဆက်ခံနိုင်တယ်။

ငါကဒီလိုပျက်စီးနေတဲ့ စည်းကမ်းတွေကိုလိုက်နာရမှာလား!
ဒါကဘာကြီးလဲ။ဘုရားသခင်ရဲ့ ဦးနှောက်က ရေနစ်နေတာလား။

Xiwei က သူ ဇာတ်ညွှန်းမှားယူလာမိတာ ဇာတ်ကားရိုက်ဖို့ စတူဒီယို မှားသွားမိတာဘဲ ဖြစ်ဖို့ဆုတောင်းလိုက်ချင်တယ်။သေချာတာက အမှန်တရားက သူ့ကို ဒီလိုရက်စက်တဲ့ ကမ္ဘာကို ပို့ဖို့လုပ်မှာတော့မဟုတ်လောက်ဖူး မလား။

 <ဘာသာပြန်>Where stories live. Discover now