Chapter 30 : The Violent First Prince

1.1K 284 16
                                    

Unicode Version

အခန်း(၃၀) ကြမ်းတမ်းသော ပထမမင်းသား

Alpha များ၏ အံ့သြသောအကြည့်များ ကြားတွင် ဆရာTony သည် Xiweiထံသို့လျင်မြန်စွာချဉ်းကပ်လာပြီး ရှုပ်ထွေးသောအသံဖြင့်မေးလိုက်သည်  "ကြိုးလွတ်သွားပြန်ပြီလား"

Xiwei ၏အမူရာသည် အလွန်အပြစ်ကင်းစင်
ပုံပေါက်နေပြီး ပြုံးပြကာ
“ ကျွန်တော် မသိဘူးဆရာ၊ ကျွန်တော် ရုတ်တရက် အရမ်းအားရှိလာသလို ခံစားရတယ်..ခမည်းတော် ငယ်ငယ်တုန်းက တိုက်ခိုက်ရေးစွမ်းရည်တွေက တကယ်ကိုအစွမ်းထက်တယ်လို့ ကျွန်တော် ကြားဖူးတယ်..ကြည့်ရတာ  ကျွန်တော် သူ့ရဲ့ပါရမီကိုအမွေရတယ်လို့ မထင်ဘူးလား..”

လူအုပ်ကြီး “ ... ... …” မင်းလို Omega တစ်ယောက်က ဘုရင်မင်းမြတ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အမွေဆက်ခံတယ်ဟုတ်လား။ မင်းအခြား အရာတစ်ခုကို အမွေဆက်ခံလို့ မရဘူးလား။

Tony၏အမူရာသည် အလွန်ရှုပ်ထွေး နေခဲ့သည်။ သူသည် နောက်ဆုံးတွင် စကားမပြောခမီ Xiwei၏ တောက်ပသော အပြုံးလေးကိုခဏကြည့်လိုက်သည်။
"ထပ်လုပ်ကြည့်.."

"ကောင်းပါပြီ!"
Xiwei သည် ပြေးရန် စမှတ် မှတ်ထားသော ​မျဉ်းရှိရာသို့ လှည့်ပြီးသွားလိုက်သည်။ သူသည် ခြေလှမ်းငါးလှမ်း အလျင်အမြန်ပြေးကာ သဲအိတ်ရှေ့တွင် ရပ်လိုက်ပြီး ဘယ်ဘက်သို့လှည့်ကာ သူ၏ညာခြေကို မြှောက်ကာကန်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကို တစ်ဖန်ပြန်လည် ကြားလိုက်ရသည်။ ဒီတစ်ခါတော့ သဲအိတ်ကအဝေးကို ပျံရုံတင်မကဘဲ တိုက်ရိုက်ရိုက်ခွဲခံလိုက်ရသည်။

လူတိုင်း: " ... ... …"

Tonyသည် Xiwei၏ ခြေထောက်များကိုငုံ့ကြည့်လိုက်သည်။ ဒီကလေးဂဲ့ ခြေဖဝါးဟာ အလွန်ဖြူဥနေကာ ​ချစ်စဖွယ်ကောင်းနေ သည်။ ဒီလောက်ပြင်းထန်တဲ့ ပေါက်ကွဲနိုင်သောစွမ်းအား ဘယ်လိုလုပ်ပြီး ရှိမှာလဲ။

Klaire သည် အကြောင်းရင်းကို သိသောတစ် ဦး တည်းသောသူဖြစ်သည်။ Xiwei၏ တကိုယ်လုံးကို ညှိနှိုင်းထိန်းချုပ်မှုကြောင့် ဒီလို ပြင်းထန်သော စွမ်းအား ထွက်လာတာ ဖြစ်သည်။ သူဟာ ခါးနဲ့ခြေထောက်တွေရဲ့ခွန်အားကို ခြေထောက်ကနေ ခြေဖျားအထိချက်ချင်းလွှဲပြောင်းပေးလိုက်တာ ဖြစ်သည်။ ဤနည်းကို သုံးခြင်းသည် ပေါက်ကွဲစေနိုင်သော စွမ်းအားတွင် ဆရာTonyနှင့် ပခုံးချင်းယှဉ်နိုင်သည်။

 <ဘာသာပြန်>Where stories live. Discover now