Part 34

518 55 7
                                    


မြူခိုးမှိုင်းဝေ

အပိုင်း (၃၄)

0305-0301

#မြူခိုးမှိုင်းဝေ

"ကို နေရှင်း ..."

"ဟင်...သြော်....မေသူ...ပြော."

"ဟီး....သမီး မဟုတ်ဘူး...သူ...သူ ဖုန်းပျက်လို့တဲ့...အဲဒါ လာပြတာ"

"သြော်......."

နေရှင်းသန့် အနားမှာ လာရပ်တဲ့ ကောင်မလေး နှစ်ယောက်ကို မော့ကြည့်ရင်း ခေါင်းညိတ်လိုက်သည်..။

မေသူ့ကိုတော့ ရင်းနီးပေမဲ့ ဘေးနားမှာ ရပ်နေတဲ့ ကောင်မလေးကတော့ ခုမှ မြင်ဖူးတာပါ..။

မျက်နှာသေးသေးလေးနဲ့ နှုတ်ခမ်းပါးလေး အပြင် ၀ိုင်းစက်နေတဲ့ မျက်ဝန်းတွေက ရှက်ရွံမှု တစ်စွန်းတစ်စ တွေ့ရသည်..။

"ဘာဖြစ်လို့လဲ...ညီမ...."

"ညီမ ဖုန်း က လေးနေလို့ တစ်ချက် ကြည့်ပေးပါလား...အစ်ကို..."

"သြော်....သယ်ရတာ လေး နေ ထားခဲ့လေ...ညီမ..."

အောင်ကျော်ဦးကို တစ်ချက် ထိုးပြီး လှမ်းပေးတဲ့ ဖုန်းကို ယူလိုက်သည်..။

ဖုန်းထဲက နေရှင်းသန့် ပုံကို တွေ့တော့ စိတ်ထဲ တစ်ချက် တွန့်သွားသည်..။

တမင် လုပ်ဇာတ်တိုက်လားလို့ တွေးမိပေမဲ့ ကိုယ့်ဖုန်းမှာ ကိုယ်စိတ်ကြိုက်ပုံ ထားခွင့်ရှိပါသည်..။

နေရှင်းသန့် ကိုယ်တိုင်လည်း ကိုယ့်ပုံကို အားလုံးမြင်အောင် တင်မိတာ မို့ သူလည်းသိမ်းထားခွင့်ရှိပါသည်..။

"ပတ်စ်ဝေါ့...က 0505"

"........."

နေရှင်းသန့် မွေးနေ့ဖြစ်နေတော့ စိတ်ထဲ တမျိုး ခံစားရပြန်သည်.။

ဖုန်းမျက်နှာပြင်ကို ဆွဲကြည့်တော့ နည်းနည်း လေးနေသည်..။

ဆက်တင်ထဲ ၀င်ပြီး တစ်ချက်ကြည့်လိုက်တော့ မမ်မိုရီ ပြည့်နေပြီ..။

"မမ်မိုရီ ကြောင့်ပါ ညီမ....ဂိမ်းတွေကြောင့်လည်း ပါတယ်..မလိုတာတွေ ဖျက်လိုက်ပါ..."

"ဟုတ်ကဲ့..ကျေးဇူးပါနော်...."

"ဖူးဖူး က ပုံတွေ အားလုံး သိမ်းထားတာကိုး ....ငါပြောတယ်...ဖျက်ပါဆို..."

မြူခိုးမှိုင်းဝေWhere stories live. Discover now