Part 11

507 49 5
                                    


မြူခိုးမှိုင်းဝေ

အပိုင်း (၁၁)

28-01-02-42

#မြူခိုးမှိုင်းဝေ

"ဟီး....နင်ခိုင်းတာ ငါ အကုန်လုပ်ပေးမယ်သိလား.."

စိုးစိုး ကိုယ့်အဖြစ်ကို ကိုယ် ရှက်ချိန်တောင် မရပဲ အူကြောင်ကြောင် နိုင်လွန်းပါသည်.။

သတို့သားဆိုတဲ့ ရိုးရာဝတ်စုံနဲ့ ကောင်လေးက အနားမှာ လာရပ်ပြီး ပြောတော့ ခေါင်းညိတ်ပြမိသည်..။

"နင်ကူညီမယ်ဆိုတာ ငါ အလိုလိုသိနေတယ်...ငါဆုတောင်းရင် နင်ေ၇ာက်လာရောလေ....ဟီး....ငါ ပျော်လိုက်တာ..နင်ကူညီပါစေ ဆိုပြီး ညတိုင်း ဆုတောင်းနေရတယ်"

စိုးစိုး ဘေးမှာ အပျော်လွန်နေသည့် ကောင်လေးကို ကြည့်ရင်း စချင်လာသည်..။

"နင်....ပြီးရင် တစ်ခါတည်း ငါ့အိမ်လိုက်နေရမယ်နော်..."

"အေး...လိုက်မယ်လေ...ငါ့ကို တက္ကသိုလ် လည်း ထားပေးဦးမှာလား..."

"အင်း..."

"၀ိုး...."

"အို......."

စိုးစိုး ကိုယ်ကို ချီမြှောက်လိုက်လို့ လန့်ဖြတ်သွားကာ အသည်းထဲမှာ အေးသွားသည်..။

ဘယ်လို တွေ့ဆုံမှုမျိုးလဲ.။

စိုးစိုး ခါးကို သူဖက်ချီလိုက်တာလည်း ဘာမှ မခံစားရပါလား..။

သူက ယောက်ျားလေးမှ ဟုတ်၇ဲ့လား...။

"ဟဲ့....ချ...ချ.....သြော်...ပြုတ်ကျမယ်.."

ရတနာ က ငေါက်လိုက်တော့မှ ပြန်ချပြီး စိုးစိုးဝတ်ထားတဲ့ ရိုးရာ အကျီ င်္ ၀တ်စုံလေးကို လက်နဲ့ သပ်ပြီး ပုံချပေးနေသည်..။

စိုးစိုး ရှေ့က ကောင်လေးကို ကြည့်ပြီး ရတနာ ကို မျက်ခုံးပင့်ပြကာ ရယ်မိတော့သည်..။

အပျိုကြီး မလုပ်ပါနဲ့ ဆိုတဲ့ သူငယ်ချင်းကတော့ ငိုချင်နေပြီ ထင်ပါရဲ့...။

"ပေါ့ပီ"

"ဟင်..."

"နင့်ကို လက်ထပ်ခိုင်းတာ ချက်ချင်းကြီး မဟုတ်ပါဘူးဟာ...ဆယ်နှစ်ငယ်တဲ့ ငါ့တပည့်ကိုတော့ အဲလို မလုပ်သင့်ပါဘူး"

မြူခိုးမှိုင်းဝေWhere stories live. Discover now