gym ဝင်ပေါက်နားမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း ရိပေါ် တစ်စုံတစ်ခုကို သတိရသွားတယ်။ သူ့မှာ ရှောင်းကျန့် ဖုန်းနံပါတ်ရှိနေတာပဲ။ တစ်ခါဖုန်းခေါ်သည်။ ဟိုက မကိုင်။ ထပ်ခေါ်သည်။ မကိုင်ပြန်ဘူး။ ဘယ်နှစ်ကြိမ်ခေါ်မိမှန်းမသိတဲ့ အကြိမ်အရေအတွက်အရောက်မှာတော့ ဟိုဘက်ကဖုန်းပြန်ဖြေသည်။
"ဟလို"
အသံကညှောင်နာနာလေး၊ လူကြားကောင်းအောင်ပြောရမယ်ဆိုရင်တော့ ချစ်စရာလေးပဲဆိုကြပါစို့။
"ရှောင်းကျန့် ခင်ဗျားဘာလို့ gym မလာတာလဲ"
ဝမ်ရိပေါ်အသံကြားတော့ အိပ်နေရာမှ ကုတင်ပေါ် ချက်ချင်းငုတ်တုတ်ထထိုင်မိသည်။ ဖုန်းကိုပြန်ကြည့်တော့ မှတ်ထားတဲ့ဖုန်းနံပါတ်ကမမှား၊ contact display name မှာပေါ်နေတာ ရိပေါ်လေးတဲ့။ ဒါဆို ရိပေါ်လေးက ကိုကြီးကို တကယ်ဖုန်းဆက်တာပေါ့လေ။
"ဟိတ်လူကြီး ရှောင်းကျန့် ကျွန်တော်ပြောတာကြားလား"
"အင်း ရိပေါ် ကြားတယ်"
"ကျွတ် ကြားရင်လဲဖြေလေ ဘာလို့မလာတာလဲလို့"
"ကော အိပ်ပျော်သွားလို့"
"ဘာ"
အမယ်လေး ဖြည်းဖြည်းအော်ပါ ရိပေါ်ရယ်။ ရုပ်ကလေးချောသလောက် အသံပါဝါကတော့ လေးဖြူတောင် အဖေခေါ်ရလောက်တယ်။ ရှောင်းကျန့်ဖုန်းလေးကို ၃ ပေအခွာကိုရွှေ့လိုက်တယ်။ ပြီးမှ ဆက်နားထောင်ရတယ်။
"gym လာရမယ့်အချိန်မှာအိပ်ပျော်နေတယ်ဟုတ်လား"
"ဖြည်းဖြည်းအော်ပါရိပေါ်ရယ် မမောဘူးလား"
"မောတယ် နည်းနည်း .. အား ကျစ် .. ရှောင်းကျန့် ခင်ဗျား လာမဖောက်နဲ့"
"ကောက စတာပါ ကောနေမကောင်းလို့ မနက်က ကျောင်းမှာတစ်ချိန်တည်းတက်ပြီးပြန်လာတာ .. ခဏအိပ်ပီး gym လာမလို့ပါပဲ .. ဒါပေမယ့် အခုရိပေါ်ဖုန်းဆက်မှနိုးလာတာ … အခုထွက်လာခဲ့မယ်လေ"
တကယ်တော့ ရှောင်းကျန့် မထနိုင်ပါ။ ခြေထောက်တွေ လက်တွေလှုပ်လို့မရ။ မနက်က အရေးကြီးတဲ့အတန်းတစ်ချိန်တက်ပီး အိမ်ပြန်ပြေးလာခဲ့ရတာ။ ဒါပေမယ့် ရိပေါ်လေးကိုဆိုလဲ ကြောက်ရတာ သမိုင်းပေးတာဝန်လိုဖြစ်နေပြီလေ။
![](https://img.wattpad.com/cover/221020094-288-k131750.jpg)
YOU ARE READING
My Gym Trainer (Completed)
FanfictionWhen Yibo become a persona gym trainer for Xiao Zhan... Will Yibo change Chubby XZ to Handsome XZ??? Will Xiaozhan fall for his handsome trainer??? Well, let's start the story 💚❤️ Fic cover by Xiao Aeri Monn
Ep 5 - နေမကောင်းဖြစ်သွားရှာတဲ့ကိုကြီး
Start from the beginning