Di Di

2.9K 404 2
                                    

For Unicode

" သားက ဘယ်သူလဲ "

အိမ်ထဲမဝင်ရသေးပဲ ခြံတံခါးဝမှာတင် စစ်ဆေးခံနေရသူပါပဲ ... bell တီးတော့ ထွက်လာတဲ့ intercon က အသံက ခပ်ကြီးကြီးလူကြီးတစ်ယောက်ရဲ့အသံပဲ.. ဒါက Ge ရဲ့ အဖေများလား..

" ကျွန်တော် Wang Yibo လို့ခေါ်ပါတယ် .. ဟို Lao Xiao ကို သတင်းလာမေးတာပါ "

" သြော် "

ခြံတစ်ခါးက ပွင့်သွားတော့ သူအသာလေးပဲ ဝင်လာခဲ့လိုက်တယ် ... လျှောက်လမ်းစိမ်းစိမ်းစိုစိုက အမိုးလေးတွေ နဲ့ ..

သူ့ရှေ့ရောက်လာတဲ့လူတစ်ယောက် ... Ge နဲ့ ရုပ်တူလွန်းတယ် .. ခုနတုန်းက သူ့ကိုမေးတဲ့လူထင်ပါရဲ့ ...

" Ni Hao ဦးလေး "

" အေး သားက ဝမ်ကလေးပေါ့ ... လူကြီးလေးဖြစ်နေပြီပဲ "

" ဗျာ "

သူ့ပုခုံးကို လှမ်းဖက်ရင်း ပြုံးရယ်ပြသည်... ဒီအပြုံးတွေ သူရင်းနှီးနေသလိုပဲ ...

" မိန်းမရေ ရေလောင်းတာခဏထားခဲ့ပါလား "

ထိုဦးလေးက သူ့ပုခုံးကနေဖက်ရင်း လျှောက်လမ်းကနေ ခြံထဲကို ထွက်နေတဲ့ လမ်းလေးကနေ ခေါ်လာတယ် ... ခြံက ပန်းခြံပိစိလေးလိုဖြစ်နေတော့ နေရတာ တကယ်သာသာယာယာရှိတာတော့အမှန်ပဲ....

" အင်း အင်း "

အသံခပ်စူးစူးက ဘေးနားက ထွက်လာတာမို့ သူလှည့်ကြည့်မိတယ်... ပန်းခြုံတွေကို ရေလောင်းနေတဲ့ အမျိုးသမီးတစ်ဦး ... ရေပိုက်ကို လှမ်းပိတ်ကာ သူတို့ထံ လျှောက်လာတယ် ... ခြံထဲက ခုံတန်းတွေမှာ ထိုင်ခိုင်းနေတာမို့ သူလည်း မငြင်းမိတော့ ..

" ဒီမယ်ကြည့်စမ်း ဘယ်သူလဲလို့ "

အန်တီကြီးက သူ့ကို စူးစူးစိုက်စိုက်ကြည့်လာပြီးမှ ပြုံးရယ်ပြတယ် ....

" ဝမ်ကလေး "

" မှတ်မိသားပဲ "

ဦးလေးကြီးက ပြုံးပြုံးလေးပဲ ပြောနေတာပဲ ... ခုမှသတိထားမိတယ် ... Ge က အဖေရောအမေရောရဲ့ ရုပ်တွေကို အလှတွေချည်းစုယူထားတာပဲ ...

" အလိုတော် မမှတ်မိစရာလား ... ဝမ်ကလေး အားရီကို မှတ်မိလား "

Is it a love story? (Completed)حيث تعيش القصص. اكتشف الآن