" Lao Xiao "

" အင်း "

" ပန်းချီကို ကျနော်စိတ်မဝင်စားပေမဲ့ အတတ်နိုင်ဆုံးသင်ပါ့မယ် ... "

" ​ဪ "

သူသက်ပြင်းချကာ သူ့ပစ္စည်းလေးတွေကောက်သိမ်းနေမိသည်... ထမင်းစားချိန်ရောက်ပြီလေ ... ပိတ်ရက်တွေဆို အိမ်မှာ ထမင်းပြန်စားမှကြိုက်တတ်သော ရှောင်းမားမားဆီ သူပြန်ရဦးမည်လေ ..

" Lao Xiao ပုံလေးတော့ ဆွဲတတ်ချင်လို့ "

သူ့လက်ထဲက စုတ်တံတွေထည့်တဲ့ သစ်သားဘူးလေးက လွတ်ကျသွားတယ် ... ကလေးငယ်က သူပြုတ်ကျသွားတဲ့ သစ်သားဘူးလေးကိုကောက်ကာ သူ့လွယ်အိတ်ထဲထည့်ပေးတယ် ... ပြီးတော့ ဇစ်တောင်ပိတ်ပေးလိုက်သေးတယ် ...

" ကျနော်က နေ့လည်စာလေးတော့ ကျွေးလိုက်ချင်တာ ... "

သူ့ကိုမေးနေတာမဟုတ်ပဲ တစ်ယောက်တည်း ရေရွတ်နေသော ကောင်လေးရဲ့ ဆံပင်ပြာပြာတို့ကို သူဖွမိတော့ သူ့ကို အံ့ဩသလို ကြည့်လာသည်...

" နောက်မှပေါ့ "

" Lao Xiao "

" အေး "

ဖိနပ်ထိုင်စီးနေသော သူ့ကိုနောက်ကနေ လှမ်းခေါ်တော့ ထူးမိပြန်သည်... သို့ပေမဲ့ ထပ်မပြောတော့သော ကလေးငယ်ကြောင့် ဖိနပ်ကြိုးချည်နေသော သူ့လက်တွေက ခဏတုန့်သွားပြန်သည်...

" ပြောလေ "

" မနက်ဖြန်ရော လာမှာလား "

" အားလို့လား "

" ကျနော် ညနေအားတယ် .. ဆိုင်က မနက်ဘက်နဲ့ညဘက်ပဲ သွားရမှာ "

" ကိုယ်အားရင်လာခဲ့မယ် .... ခုကိုယ်ပြန်တာနဲ့ ထမင်းစားတော့ နော် "

အဆုံးသတ် နော် ဟူသော အသုံးအနှုန်းက သူ့အနေနဲ့ ယွီအာကိုတောင် မသုံးဖူးခဲ့ ... သူတော့ ဒီကလေးကို တကယ် ....

" ဟုတ် "

သူထွက်သွားသည်အထိ ကြည့်နေခဲ့သော ကောင်လေးက တံခါးပိတ်သွားပြီးတဲ့နောက်

" Yes !! "

ဟု အားရပါးရ အော်လိုက်သံကို အခန်းရှေ့ကနေ တစ်လှမ်းမှမရွှေ့ရသော သူက မရည်ရွယ်ပါပဲ ကြားလိုက်ရပြန်ပါသေးသည်...

Is it a love story? (Completed)Where stories live. Discover now