Ep 1 - အဖြစ်အပျက်များရဲ့အစ

Start from the beginning
                                    

ကျိရန်ကိုစကားမဆိုတော့ပဲ ကိတ်မုန့်စားလိုက် ကော်ဖီသောက်လိုက်လုပ်နေသူကို ကျိရန်ကတော့ အသေအချာကိုထိုင်ကြည့်နေတယ်။ ချစ်လွန်းလို့တော့မဟုတ် …

ကျိရန်ကိုစကားမဆိုတော့ပဲ ကိတ်မုန့်စားလိုက် ကော်ဖီသောက်လိုက်လုပ်နေသူကို ကျိရန်ကတော့ အသေအချာကိုထိုင်ကြည့်နေတယ်။ ချစ်လွန်းလို့တော့မဟုတ် …

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


“ဆရာဝန်ဘာပြောလိုက်လဲလို့ ရှောင်းကျန့်”

“အဟဲ အဲဒါကလေ ဟိုဟာ ဘာမှမဖြစ်ပါဘူးတဲ့”

“ဟမ် ဒီလောက် နေ့စဉ်ရက်ဆက်ခါးနာနေတာကို ဘာမှမဖြစ်ဖူးဆိုတာတော့မဟုတ်သေးပါဘူး မင်းဆရာဝန်ကလဲ”

“ဆက်ပြောမယ်လေကွာ မင်းကလဲ .. ဓာတ်မှန်ရိုက်ကြည့်တာ အရိုးတွေဘာတွေက ဘာမှထိခိုက်တာမရှိဘူး ဖြစ်နိုင်တာက ငါကအရမ်းအထိုင်များတယ် ကိုယ်လက်လှုပ်ရှားမှုမရှိဘူး ပြီးတော့ ငါကဝိတ်နည်းနည်းများနေတယ်ပေါ့ကွာ အဲဒါကြောင့် ခါးနာတာဖြစ်မယ်တဲ့ သောက်ဆေးတော့ပေးလိုက်တယ်
ဒါပေမယ့် သောက်ဆေးက အခုခါးနာနေတာကိုပဲပျောက်အောင်လုပ်ပေးနိုင်မှာ ဒါပေမယ့် ငါနေထိုင်တဲ့ living style ကိုမပြောင်းရင်တော့ ထပ်ဖြစ်နေမှာပဲတဲ့ ဟူး မောလိုက်တာ”

“ဆိုတော့ကာ အခုမင်းက ဝိတ်လျှော့ရမယ်ပေါ့”

“အင်း င့ါအရပ်နဲ့ဆို BMI က တအားများနေတာမဟုတ်ပေမယ့် ဒီထက်ပိန်ရင်တော့ ပိုကောင်းတယ်တဲ့ ပြီးတော့ အဓိကက လေ့ကျင့်ခန်းပေါ့ကွာ လှုပ်ရှားမှုမရှိပဲ ထိုင်ပဲထိုင်နေတာကအဆင်မပြေဘူးပေါ့ အဲလိုပြောတာ”

“ဟာ အဲဒါဆိုအတော်ပဲ မင်းငါနဲ့ gym လိုက်ဆော့”

“အာ မဆော့ချင်ပါဘူး gym ဆော့တာက တအားပင်ပန်းတယ် ပြီးတော့ အမြဲဆော့နေမှတဲ့ မဆော့နိုင်တော့ရင် ဝိတ်ပိုတက်လာမှာတဲ့”

“အဲလိုမဖြစ်အောင် အမြဲဆော့ပေါ့ကွ ခပ်ပါးပါးလေးပဲဆော့လေ ကိုယ်ကမော်ဒယ်လုပ်မယ့်သူမှမဟုတ်တာ ဒီအတိုင်း ကျန်းမာရေးအရ ကိုယ်လက်လှုပ်ရှားတဲ့သဘောပဲပေါ့”

My Gym Trainer (Completed)Where stories live. Discover now