- 19 -

6.2K 943 77
                                    

တရွေ့ရွေ့သွားနေတဲ့ ကားကြောင့်များ ခေါင်းမူးနေသလား၊ အိပ်ပျော်ပြီးတော့ပဲ ထင်ယောင်ထင်မှား ဖြစ်နေသလား သေချာမသိပေမယ့် ဒီကိုယ်သင်းရနံ့ကို ရင်းနှီးနေတယ်။

အဆင်မပြေစွာ ငိုက်မြည်းနေခဲ့ရာက အခုသက်တောင့်သက်သာ ဖြစ်စေတဲ့အရာက ဘာဖြစ်မလဲ။ 

သူရောက်လာသလားလို့ တွေးမိသော်လည်း မထင်ရဲပါ။ သို့သော် .. ဒီရင်ဘတ်နွေးနွေးဟာလည်း သိပ်ကို ရင်းနှီးနေပါရဲ့။ မျက်လုံးအစုံကို ဖွင့်ကြည့်ပြီး အတည်ပြုလိုက်ဖို့ကိုလည်း မျှော်လင့်ပြီးမှ ဖြစ်မလာတဲ့ ခံစားချက်ကို မလိုချင်လို့ မရဲပြန်ဘူး။

" အသက် နိုးနေတာလား .. "

တိတ်ဆိတ်နေတဲ့ ကားပေါ်မှာ ကြားလိုက်ရတဲ့ နှစ်ကိုယ်တည်းကြားရုံ ရင်းနှီးနေတဲ့ ခပ်တိမ်တိမ်အသံတစ်ခု..။

တကယ်ပဲ သူရောက်လာခဲ့သလား..။

မျက်လုံးကိုဖွင့်လို့ မော့အကြည့် မျက်ဝန်းဝိုင်းဝိုင်းတွေဟာ တကယ်ပဲ ကိုယ့်ကိုငုံ့မိုးကြည့်နေခဲ့တယ်။

" မောင် နည်းနည်းနောက်ကျသွားတယ် "

ခေါင်းပေါ်ကို လက်ဖဝါးနဲ့အုပ်ကိုင်ပြီး ခပ်တိုးတိုးပြောလာတဲ့ သူ့စကားအဆုံး ခေါင်းကိုသာ ခါယမ်းပြမိရင်း သူ့ရင်ခွင်သို့ တဖန် ပြန်လည်တိုးဝင်မိရုံမှတပါး အခြားမရှိ။

" ရပြီ .. မောင်အခု ငါ့အနားမှာ ရောက်နေပြီပဲ "

တစ်ကိုယ်လုံးကို ပြန်လည်ထွေးပွေ့ပေးထားတဲ့ သူ့ရင်ခွင်ထက်ပိုပြီး မက်မောစရာ ဘာမှမရှိတာ သေချာပါရဲ့။

ကားလေးက ရွေ့ရွေ့သွားနေဆဲ..။







ဆိုးလ်ကနေ ၃ နာရီလောက် ကားစီးပြီးတဲ့အခါမှာတော့ Camp ထွက်မယ့် နေရာကိုသွားမယ့် ခြေလျှင်စခန်းလေးကို ရောက်လာတယ်။ ဒီကနေ ခြေလျှင်တောင်တက်ရမှာမို့ အဖွဲ့အလိုက် ဆူဆူညံညံနဲ့ ပျော်ရွှင်နေကြလေရဲ့။ ဒီလိုနဲ့ ကိုယ့်အုပ်စုနဲ့ကိုယ် စကားတပြောပြော၊ စလိုက်နောက်လိုက်နဲ့ တက်လာလိုက်ကြတာ ခရီးတစ်ဝက်ကျော်မှ ပင်ပန်းရကောင်းမှန်း သိကြတော့တယ်။

" မောလိုက်တာ .. "

" ဘတ်ဟျွန်းနီ အဆင်ပြေရဲ့လား။ သယ်ရတာ အရမ်းလေးနေရင် ကိုယ့်ကိုပေး "

ကျောက်တုံးလေးတစ်တုံးပေါ် ထိုင်ချရင်းပြောတော့ ချန်းယောလ်က ဘတ်ဟျွန်းလွယ်ထားတဲ့ ကျောပိုးအိတ်ကို မ, ကြည့်ပြီး အလေး၊ အပေါ့စစ်တယ်။

" ရတယ် ချန်း .. ငါ့ဘာသာ သယ်မယ် "

" လူကောင်ကွာတော့ အားချင်းလည်း ကွာတယ် ဗြောင်ကလေးရဲ့။ ဒါလေးပဲ သယ်ခဲ့ .. ဟုတ်ပြီလား "

ပြောပြောဆိုဆို ဘတ်ဟျွန်းသယ်လာတဲ့ ပစ္စည်းတွေကိုလျှော့ပြီး သူ့အိတ်တွေထဲ ထိုးထည့်ကာ ရှေ့ကတက်သွားတော့ နောက်ကနေ အမှီလိုက်ရတယ်။ ဒီလူက အရပ်ရှည်တော့ ခြေလှမ်းလည်း ကျယ်တာမို့ သူ့ကိုမှီဖို့ အတော်လေးလိုက်ရသား။

အတန်းဖော်တွေလည်း ရှေ့ဆက်တက်သွားတဲ့ သူတွေလည်းတက်၊ နောက်မှာ ကျန်ခဲ့တဲ့သူတွေလည်း ကျန်ခဲ့နဲ့ ဖရိုဖရဲတွေဖြစ်နေပြီ။ တစ်ယောက်နဲ့တစ်ယောက် အမောခံနိုင်ပုံချင်းမတူတော့ ဆရာတွေလည်း ဘာမှပြောမနေဘဲ အပေါ်မှာသာဆုံဖို့ သေချာမှာသွားကြတယ်။

NOSTALGIA [Completed]Where stories live. Discover now