💚Introduction❤️ Must read !!!

Depuis le début
                                    

xxxxxxxxxxxx

Xiao Zhan
အသက် ၂၆ နှစ်
စာကြိုးစားသည်
၂၆ နှစ်လို့မထင်ရအောင်ရုပ်ကလေးကနုဖတ်ပြီး ချစ်စရာကောင်းသောလည်း အစားသောင်းကျန်သောကြောင့် chubby လေးဖြစ်နေသည်
အစားအသောက်အတွက်ကလွဲရင် ပိုက်ဆံအိတ်ထဲက ငွေမထွက်သော ကပ်စေးနည်း
လာကြိုက်မယ့်သူမရှိတဲ့ Single စစ်စစ်
သူငယ်ချင်းဆိုလို့ bff စုံကျိန်တစ်ယောက်သာရှိသည်

ရှောင်းကျန့်ချစ်သူဖြစ်ရန် လိုအပ်သောအချက်များ
၁။ ရှောင်ကျန့်ချစ်ရန်သာလိုသည်

"ရှောင်းကျန့် မင်းမနက်ကတည်းက အဲဒီမှာထိုင်နေတာ အခုထိ မထရသေးတာလား"

ကျိရန်အမေးကို လှည့်မကြည့်ပဲဖြေလိုက်သည်။

"အင်း ဟုတ်တယ်"

"အဲလိုကြပ်ကြပ်လုပ် ခုထက်ပိုဝလာလိမ့်မယ်သိလား"

"မင်းကလဲ ငါကမဝပါဘူးကွ နည်းနည်းလေးပဲပြည့်တာပါ"

"ကိုယ့်ဗိုက်ခေါက်ကိုယ် ပြန်စမ်းပြီးမှပြော ဟေ့ကောင်"

ကျိရန်အပြောကို မမှုသည့်အလား စားပွဲခုံပေါ်မှာ အသင့်တင်ထားတဲ့ အာလူးကြော်ဘူးကို လက်လှမ်းလိုက်သည်။
ကိုယ့်ဘဝလေးက ရိုးရှင်းသည်။ အသက်က ၂၆ နှစ်ပြည့်တော့မည်။ ချုံချင်းမှာ အဖေနဲ့အမေက ဆိုင်ဖွင့်ထားကာ ကျွန်တော်ကတော့ ပေကျင်းမှာ နည်းပညာတက္ကသိုလ်လာတက်နေတာ။ အခုမာစတာ နောက်ဆုံးနှစ်တက်နေတာ architecture ဘာသာရပ်အထူးပြုမို့ အမြဲတမ်းပုံထိုင်ဆွဲလိုက်။ တွက်ချက်လိုက်နဲ့ စာလုပ်ရင်းအချိန်ကုန်နေလေသူ။
သူငယ်ချင်းဆိုလို့ စုံကျိရန်တစ်ယောက်သာရှိပြီး လူကြားသူကြားထဲဝင်ရမှာကြောက်ကာ အပေါင်းအသင်းလဲမဝင်ဆန့်။ စာလုပ်လိုက်စားလိုက်နဲ့ ပေကျင်းစရောက်ရောက်ချင်းကပေါင် ၁၁၀ ဟာ အခုတော့ ပေါင် ၁၅၀ နားကပ်နေလေပြီ။
ဒါပေမယ့် ရှောင်းကျန့်မျက်နှာလေးကတော့ ချစ်စရာကောင်းနေဆဲပါပဲ။ မယုံရင်ကြည့်။

ကျိရန်အပြောကို မမှုသည့်အလား စားပွဲခုံပေါ်မှာ အသင့်တင်ထားတဲ့ အာလူးကြော်ဘူးကို လက်လှမ်းလိုက်သည်။ကိုယ့်ဘဝလေးက ရိုးရှင်းသည်။ အသက်က ၂၆ နှစ်ပြည့်တော့မည်။ ချုံချင်းမှာ အဖေနဲ့အမေက ဆိုင်ဖွင့်ထားကာ ကျွန်တော်ကတော့ ပေကျင်းမှာ နည်းပညာတက္ကသိုလ်လာတက်နေတာ။ အခုမာစတာ ...

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.
My Gym Trainer (Completed)Où les histoires vivent. Découvrez maintenant