ကျွန်တော် အတွေးမှန်ပြီထင်မိသည်! Kokonoe sama က သူ့လက်ထဲက ဆန်တဆုတ်နဲ့ ကျွန်တော်ရှိရာဆီ တိုးလာနေတယ်!
"ပြေးဖို့ မကြံနဲ့ မင်း ငှက်တွေကို ပြေးအောင်လုပ်တာဆိုတော့ ဒီကျန်တဲ့ဆန်ကို ငှက်တွေအစား မင်းပဲစားတော့!"
"အင်... ဘယ်ဖြစ်မလည်း ! ဆန်စိတွေ ဘယ်လိုစားရ....arrrrrrr မလုပ်နဲ့ ကြောက်ပြီ ကြောက်ပြီ နောက်မလုပ်တော့ဘူး !!!!!!!!! Kokonoe sama!!!!!!!!!!"
"Hahahahahahaha"
ကျွန်တော့်အသံဗြဲက တောအုပ်ထဲ စီကနဲ! Kokonoe sama သဘောကျကျ ရယ်သံကလည်း တောအုပ်ကို လွှမ်းလို့!
နောက်ဆုံးတော့ ကျွန်တော် Kokonoe sama လက်က ပြေးမလွတ်ပဲ သူ့လက်ထဲက ဆန်တကုတ်ကို ပါးစပ်ထဲ အတင်းသွတ်သွင်းခြင်း ခံရလေသည်!
"အဟွတ် အဟွတ်~ အစိလိုက်တွေ ဘယ်လိုစားရမလည်း Kokonoe sama ! "
ကျွန်တော် မကျေမနပ်ပြောနေစဉ် Kokonoe sama ကတော့ ခန်းမဆောင်ထဲ အေးအေးလူလူထိုင်ရင်း သူ့လက်သည်း ချွန်ချွန်တွေကို ကြည့်နေတယ်! သူပုံစံက မင်းအပြစ်နဲ့ မင်းပဲ ဆိုသလို !
"အဟွွတ်......ဒါနဲ့လေ Kokonoe sama!"
"ဘာလည်း"
"ဟို...ဒီနေ့ကလေ...."
ပြောရင်း တန်းလန်းရပ်နေသည့် ကျွန်တော့်ကို Kokonoe sama က မျက်လုံးထောင့်ကပ်ကြည့်သည်!
"ဒီနေ့က Halloween နေ့ဆိုတော...."
"ဘာလည်း Iori ဖရုံသီးမီးပုံးနဲ့ ညစာစားပွဲလား Trick or Treatလား?"
"ဟယ်....Kokonoe sama တောင်သိနေပြီ"
"Hump မင်းမနှစ်က စောင်စုတ်ကြီး ခြုံလာပြီး ငါ့လာချောက်သေးတာ မမှတ်မိပဲနေမလား?"
"Heee စောင်စုတ်မဟုတ်ပါဘူး Kokonoe sama ကလည်း အဲ့ဒါသရဲ"
"မင့်သရဲကလည်း သနားစရာကောင်းပါ့ကွာ! ဒီနှစ်ရော စောင်စုတ်ပဲလား?"
"မဟုတ်ပါဘူးဆို ...ဟို...ဒီတခါလေ ကျွန်တော်တို့ ပါတီပွဲလုပ်ရအောင်လို့"
"ပါတီ ? ဘာတုန်း ပါတီ?"
"Halloween ပါတီလေ ဟို လူတွေလုပ်တာ အဲ့သလိုမျိုး ဒီတောအုပ်ထဲ လုပ်ရအောင်လို့ ကျွန်တော်ရယ် Kokonoe sama ရယ် Tenri ရယ် နောက် Iwaki nii san လည်း ပြန်ရောက်နေတယ် သူလည်းလာမယ်ပြောတယ် ! Daikaku sama ကိုလည်း ပြီးခဲ့တဲ့အခေါက် ကောင်းကင်ဘုံကို စာတွေသွားပို့တုန်းက တွေ့တာနဲ့ ကျွန်တော် ဖိတ်ခဲ့တယ် Kokonoe sama ! သူက Kaname နဲ့ လာခဲ့မယ်တဲ့! ကျွန်တော်တို့ Costume တွေ ဝတ်ပြီး ပါတီလုပ်ကြမယ်လေ ပျော်စရာကြီး!"
ESTÁS LEYENDO
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^
Halloween Party - Part 1
Comenzar desde el principio
