ဟုဆိုကာချယ်မင်ရဲ့လက်ကိုဆွဲကာထွက်သွားသော Baek ကြောင့် Chen ကတော့ တောက်တစ်ခေါက်ခေါက်။ Baek တကယ်ပြောင်းလဲသွားပြီဘဲ။အဲ့ဒီအချိန် Chan တို့ရောက်လာကြတယ်။

Chan : " စောင့်ရတာကြာသွားလား။sorry ကိုယ်နည်းနည်းနောက်ကျသွားတယ်"

KS : " မလိုပါဘူးကွာ။ ငါတို့ကစောနေတာ "

Kai : " Baekhyun ကိုလည်းမမြင်ပါလား"

KS : " ဟုတ်တယ် ။ သူ့သူငယ်ချင်းတစ်ယောက်နဲ့ထွက်သွားတယ်လေ "

Kai : " aww "

တိုင်ဆိုင်လွန်းတယ်ပဲပြောရမလား sehun တို့ပါရောက်လာတော့ KS ဘာလုပ်ရမှန်းတောင်မသိတော့။Chen က အခုချိန်သူ့ကိုစကားသွားပြောရင် ဘုကလန့်တွေဘဲပြောနေမှာ။ အရင်ကလူအတိုင်းဆိုရင် ကိစ္စမရှိပေမဲ့ အခုဟာက luhan hyun ပါပါလာတာ။ ဟုတ်သား ဒီနေ့ hun လေးမွေးနေ့။ သူတွေးနေတုန်းအနားရောက်ချလာတဲ့ sehun

Sehun : " ဘာတွေတွေးနေတာလဲ ။ ငါ့မွေးနေ့ကိုမေ့သွားလို့အကြောင်းပြချက် ပေးဖို့တော့မဟုတ်ဘူးမလား။"

KS : " ဟုတ်စရာလား မင်းအတွက်မွေးနေ့လက်ဆောင်တောင် ဝယ်ထားပြီးပြီ မင်းသာ ငါစိမ်းမြင်ပြီးငါးကင်ပစ်သွားတာ"

Sehun : " ဟဲဟဲ အဲ့လို့ဖြစ်သွားလား"

minsoek : " နည်းနည်းပါး ငြင်းအုံး။ Kyung လေး မနက်ကများငါတို့တောင်မမြင်ဘူး။ လှမ်းအော်တာတောင် မကြားချင်ယောင်ဆောင်နေတာ"

sehun : " မဟုတ်ပါဘူး ။ တကယ်မကြားတာ "

KS : " A ပါကွာ "

Suho : " မင်းတို့ဘဲပြောကြ မတွေ့ရတဲ့သူတွေဆိုတော့"

KS : " မင်းတို့ကလည်း ။"

လို့သာပြောလိုက်ရတယ်။ chen ကတော့ဘာမှဝင်မပြော။ Chanyeol တို့ကလည်း chen ရဲ့အရိပ်အကဲကိုကြည့်ပြီးဘာမှဝင်မပြော။ အခုအခြေအနေကြီးက အချိန်ကိုက်ပေါက်ကွဲမဲ့ဗုံးတစ်လုံးလို။ အခြေအနေသတိထားနေပါတယ်ဆိုမှ hun လေးက

sehun : " အကုန်လုံးကို ပြောစရာရှိတယ်။ "

tao : " နေအုံး။ မင်းဘေးက hyun နဲ့အရင်မိတ်ဆက်ပေး"

sehun : " အာ...ဘယ်လိုပြောရမလဲ။ ကျွန်တော်ဘယ်လိုပြောလိုက်ရမလဲ"

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now