You Are My Home

4.6K 552 22
                                    

Prat 2
"နိုးဝေ"
ပြန်လှည့်ကြည့်ပြီးပြီးချင်းမျက်နှာကို ငုံ့ချလိုက်ပေမဲ့ မျက်လုံးထောင့်မှအရည်ကြည်လေးတစ်စကို မြင်ဖြစ်အောင်ဖြစ်လိုက်သေးသည်။
"ကိုယ်အခန်းထဲထိလိုက်ပို့မယ်" ဟုကျွန်တော်ပြောတော့
"ကားဆရာ စောင့်နေရမှာအားနာစရာ" ဟုပြန်ပြောသည်။
ကားဆရာက မနေနိုင်စွာဖြင့်
"ရတယ် ကျွန်တော်စောင့်ပေးပါ့မယ်။ အေးဆေးလုပ်" ဟု ဝင်ပြောပေးသည်။
ခြံတံခါးဖွင့်ပြီးပြီးချင်းပြေးထွက်ကြိုလာသော မိဘတွေကို မပွေ့ဖက်နိုင်။ Video call ထဲမှာသာ မြင်တွေ့ခဲ့ရသော သား၏ ပြောင်းလဲလာခြင်းတွေကို မျက်ဝါးထင်ထင်မြင်တွေ့ရတော့ အမေဆိုတာ တွေတွေလေးလိုက်ငေးရှာသည်။ ဒါတောင် mask အုပ်ထား၍ မျက်နှာကိုမမြင်တွေ့ရသေး။
ကားပေါ်ကဆင်းဆင်းချင်း
"မေမေ ကျွန်တော့်နားမကပ်နဲ့...အိတ်တွေလည်းထား။ ကျွန်တော်တို့ပဲ သယ်လိုက်မယ်" ဆိုသော စကားပြောသံနှင့် ဟန်ပန်တွေအရ သူတို့သားလေးသည် ရန်ကုန်ကထွက်ခါစက သားငယ်လေးမဟုတ်တော့ဘူးဆိုတာကို နားလည်လိုက်ကြသည်။ ဘယ်လိုပဲဖြစ်လာဖြစ်လာ
သားအကြီးက မန္တလေးတွင် ရှေ့တန်းမှနေပြီးကာတိုက်နေရစဉ် အနောက်အရပ်မှရောက်အောင် ပြန်လာခဲ့သည့် သူတို့သားငယ်က သူတို့အတွက်အားဆေးပင်။
သားကို မြင်မြင်ချင်းဝမ်းသာသွားပေမဲ့ အနောက်မှနေ၍ အထုပ်အပိုးတွေသယ်ထုတ်ပေးသောကျွန်တော့်ကိုမြင်
တော့ မိဘနှစ်ယောက်လုံးက မျက်နှာပူကြပုံပါပဲ။
နိုးဝေ၏ အခန်းလေးက အရင်လို မပြောင်းမလဲ။ အမေဖြစ်သူက အခန်းပေါက်ဝမှနေရင်း
"ကိုခန့်...အအေးသောက်မလား သား" ဟုမေးလာသည်ကို
"ရတယ် အန်တီ။ ကျွန်တော်အခုပြန်မှာ" ဟုပြောတော့
"ဒါဆိုအန်တီ ကားဆရာကို အအေးဗူးသွားပေးလိုက်ဦးမယ်" ဟုဆိုလျက် အလိုက်တသိရှောင်ဖယ်ပေးသွား
သည်။ အခန်းလေးမှာ လိုက်ကာများ အပြည့်မတင်ထားသဖြင့် အနည်းငယ်မှောင်နေသလို နွေး
လည်းနွေးနေသည် ။ နှစ်ယောက်သားထိုင်လည်းမထိုင်ဖြစ်။ စကားလည်းမဆိုဖြစ်ကြ။
"နိုးဝေ...ဆေးစစ်လာတာ negative ပေမဲ့ ဒီရက်ပိုင်းအတွင်း မိဘတွေနဲ့ ဝေးဝေးနေနော်။ စကားပြောရင်လည်း
Mask သာတပ်ထား။ ပြီးတော့ နိုးဝေ သုံးသမျှကို သီးသန့်ထားထားနော်"
"ဟုတ်"
တစ်လုံးတည်းသော အသံထွက်စကားလုံးသည်တောင် တုန်ယင်နေ၏။ ကိုယ်လည်းဘာထူးလို့လဲ။ "ကိုယ်သွားမယ်" ဆိုတဲ့ နှုတ်ဆက်စကားကို ဘယ်လိုမျှပြောလို့မထွက်။ ထိတွေ့ခွင့် ၊ ကြင်ကြင်နာနာထွေးပိုက်နှုတ်ဆက်ခွင့်တောင်မရှိ။ အိမ်ရှေ့ကိုတောင် ပြန်မထွက်စေချင်တော့၍ ဒီအတိုင်း
ကျောခိုင်းခဲ့ရတာ။ ဆေးသုတေသနကို ဘယ်သောအခါမှ စိတ်မဝင်စားခဲ့ပေမဲ့ ဒီတစ်ခါတွင်တော့ အမြစ်ပြတ်ကုသနိုင်မည့်ဆေးကို ထုတ်ဖော်ချင်မိရဲ့...

Stay Home MemoWhere stories live. Discover now