Saty Home is Bullsh*$t

6.7K 705 40
                                    

Stay Home is bulls*%t

မိန့်ဆိုသူ
နေကောင်းမြတ်သူ

❤️❤️❤️❤️❤️❤️

"ဟိုကောင်လေးLiveလွှင့်နေတယ်"

"ဘယ်ကောင်လေးလဲ"

အလုပ်လုပ်နေရင်းမှ လှည့်ပင်မကြည့်ဘဲလှမ်းမေးတာပင်။ အဖတ်လုပ်ပြီးမေးပေးဖော်ရတာပဲ ကျေးဇူးတင်ရမလို

"Rain ခ"

"ဟုတ်လား။ ဘာတွေပြောနေတာလဲ"

"သိချင် လာကြည့်ပေါ့ဗျ"

အသံနည်းနည်းမာသွားတာ ကိုယ့်ဘာသာကိုယ် သိတယ်။ အားနာသွားပေမဲ့ဘာမှမပြောချင်တော့၍ ခုတင်ပေါ်
တွင် ဝမ်းလျားမှောက်လျက်ဖြင့်သာ
တဟားဟား ရယ်ရင်း ဘာသာစကားမျိုး
စုံဖြင့် မေးသမျှ ပြန်လည်ဖြေကြားပေး
နေသူကိုသာ ငေးနေလိုက်သည်။
သူပြောနေတာတွေက နားထဲဝင်တစ်ချက်မဝင်တစ်ချက်။ သူတို့လို celebrity
တွေကျ အဆင်ပြေလိုက်တာ။ Live
လွှင့်လိုက် ၊ ပြောနေသလောက်အိမ်
မှာ ပျင်းတယ်သာဆိုတယ် သူ့ရေး
လက်စ Script တွေ ၊ ခရီးသွား vlog
က bts (behind the scene) တွေကို
လည်း ပြန် editပေးပြီး videoတွေ
လုပ်ပေးမယ့် အကြောင်းနဲ့ သူ့ဘွဲ့စာ
တမ်းတွေ အပြီးပြတ်လုပ်မည်နှင့် online
ကနေ ဆက်တက်နေရတဲ့ သူတို့အတန်း
တွေမှ အလွဲတွေနဲ့ ဟာသတွေ။

အိမ်မှာနေရင်တောင် လုပ်စရာတွေပုံ
နေတဲ့ သူတို့ဘဝပါလား။ ကျွန်တော်လား
ရန်ကုန်မှာ Positive စတွေ့တယ် ဆို
တည်းက ကိုဇက် က ဆိုင်အတင်းပိတ်
ခိုင်းတော့တာပဲ။ စက်ရုံကလည်းဝန်ထမ်းတွေကို လစာကြိုထုတ်ပေးပြီးရပ်ရတာပဲ။ သင်ပေးနေလျက်စ
အသက်မွေးဝမ်းကျောင်းက ကျွန်တော့်ကော်ဖီ အတန်း နဲ့ မြန်မာထမင်းဟင်း
ချက်ပြုတ်တန်းတွေ မုန့်လုပ်နည်းသင်တန်းတွေလည်း အစိုးရတရားဝင်စာထုတ်တည်းက ပိတ်လိုက်ရတာ။

အိမ်မှာနေ လုပ်စရာတွေ အများကြီးဘာ
ညာနဲ့ social influencerတွေကပြောကြ
ပေမဲ့ တကယ့် ကျွန်တော့်အချိန်ဇယား
ကိုပြန်ကြည့်။

မနက်အိပ်ရာနိုးရင် ကိုဇက် အလုပ်မ
သွားခင် မနက်စာပြင်ပေး၊ ဘုရားဆွမ်း
တော်ကပ် ၊ ကိုဇက် ညက လျှော်ပေး
ထားတဲ့ ပြန်ထုတ်လှမ်း ၊ သူနိုးလာရင်
နှစ်ယောက်အတူ မနက်စာစား
စကားပြော ပြီးလို့ သူ့ခေါင်းလျှော်ပေး
ပြီးတာနဲ့ ကျွန်တော် ဆိုင်သွားတာ။

Stay Home MemoWhere stories live. Discover now