အပိုင်း(13)

ابدأ من البداية
                                    

"မမ .....ရင်းနှီးမြှပ်နှံမယ့်သူတွေ ရောက်နေပါပြီ..."

"အေး ခတ်.."

အလျင်အမြန်ပဲ ခတ်ပေးသော ဖိုင်တွဲကိုကိုင်ကာ သု တစ်ယောက် Meeting ခန်းထဲ ဝင်သွားမိသည်။ ကိုယ်နောက်ကျတော့ ကိုယ့်အပြစ်ဖြစ်တာကြောင့် အသာပဲ တောင်းပန်ရတယ်။ ထို နောက်ကျခြင်းအကြောင်းအရင်းကလည်း ရင်တွေ ခုန်အောင် လုပ်ပြီး ထားသွားသူ တစ်ယောက်ကြောင့်။

"နောက်ကျလို့ အားလုံးကို တောင်းပန်ပါတယ်..."

အသာပဲ ခုံပေါ်မှာ ထိုင်လိုက်ပြီး ပရိုဂျက်တာပေါ်က ခတ်ရေးဆွဲထားသော အချက်အလက်တွေနှင့် သု ခန့်မှန်းထားသော အချက်အလက်တွေကို ပြောပြရသည်။

"ဟုတ်ကဲ့ ....ကျွန်မတို့ "Density" Group အနေနဲ့
နောက်ထက် လုပ်ငန်းအသစ်အနေနှင့် 'perfume'များတင်သွင်းသွားဖို့  ရေးဆွဲနေပါတယ် ..လူကြီးမင်းတို့အနေနဲ့ လာပြီး ရင်းနှီးမြုပ်နှံလျင် ကျွန်မ အားထုတ်ပြီး ကြိုးစားသွားမယ်ဆိုတာ ယုံကြည်ပါ..."

အားလုံးပေါင်း 9ယောက်လောက်ရှိမည်။ သုဟာ ထို ရင်းနှီးမြုပ်နှံသူတွေ ရှေ့မှာ ကြောက်ရွံခြင်းမရှိဘဲ အရှေ့က ရေမွှေးပုလင်းကို ကိုင်လိုက်သည်။

"ဒီ Productကတော့ south koreaရဲ့ နာမည်ကြီး branded perfume တစ်ခုဖြစ်တဲ့ HARA singnature perfume ပါ...ဒီထုတ်ကုန်ကို သုတို့ Density 'က  မြန်မာနိုင်ငံမှာ စတင်ဖြန့်ဖြူးပါမယ်.."

"အဲ့ဒီ ထုတ်ကုန်အတွက် အာမခံချက်ကရော...?"

"ဟုတ် ..ဒီထုတ်ကုန်ဟာ ...reviewတွေလည်း အများကြီးရထားတဲ့ ကိုယ်ပိုင် branded တစ်ခုပါ..ပြီးတော့ မိန်းကလေးတွေပို သုံးကြမယ်လို့ ယုံကြည်ပါတယ်...အရေအသွေးကောင်းတဲ့ ပစ္စည်းတစ်ခုပါ....လူကြီးမင်းကို freshဖြစ်စေမယ်၊ ပြီးတော့ မိန်းကလေးဆန်စေသော ရနံ့ ဖြစ်မယ် ရေမွှေးရဲ့ အာနိသင်က ပျောက်ကွယ်မသွားပဲ အမြဲ စွဲနေစေမယ်..."

"ဟုတ်ပါပြီ ...အားလုံးကလည်း လက်ခံကြပါတယ် အခုလို မသုနှိုင်းသျှင်က အရင် လုပ်ငန်းအတွေ့အကြုံမှာလည်း စီးပွားရေးနယ်ပယ်ထဲမှာ နာမည်ရသူဆိုတော့ ကျွန်မတို့ companyအနေနဲ့ မြှပ်နှံ့ချင်တာပါ .. အခုလို အရည်အချင်းတွေ ကိုယ်တိုင်မြင်လိုက်ရမှ ပိုပြီးတောင် အထင်ကြီးမိပါတယ်"

"ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ"حيث تعيش القصص. اكتشف الآن