လွမ်းတယ်ဆိုတော့ ကိုယ့်ကို ရယ်မိသည်။ Januaryကနေ အခုDecemberလအထိမှာ အခုတခေါက်က အကြာကြီး အတူရှိခဲ့တာမလား။

အချိန်ဆယ့်တလနီးပါးကြာမြင့်ခဲ့ပြီးမှ အမှတ်မထင်တွေ့ခဲ့ရတာ။

ပိုင်စိုးပိုင်နင်းနဲ့ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိနဲ့ သူများအိမ်ထိ သွားခဲ့တာပဲ။ တွေးကြည့်ရင် ရှက်စရာကြီး။

Facebookကြီးကို လက်ချောင်းတွေ နာမတက် Scrollingလုပ်နေရတာလဲ ပျင်းလာပြီ။ ဘာမှလဲ အသစ်မတက်။ နာရီကြည့်တော့ မနက်နှစ်နာရီထိုးပြီ။

နောက်ဆုံးတော့ ပျင်းစရာကောင်းတဲ့ ကမ္ဘာကြီးကနေ အိပ်မက်ကမ္ဘာကြီးဆီသို့။

.
.
.


မနက်အစောကြီး ခြောက်နာရီမထိုးခင် သူငယ်ချင်းက ဖုန်းဆက်ပြီး Check outလုပ်ခဲ့ဖို့နဲ့ သူ့မိဘတွေ အရင်ပြန်သွားပြီမို့ သူနဲ့လာနေဖို့ခေါ်သည်။

အစထဲက သူနဲ့နေဖို့ခေါ်ပေမဲ့ အားနာလို့ ဟိုတယ်မှာပဲနေဖြစ်တာ။ အခုက ဟိုတယ်မှာ မနေချင်တာနဲ့ အဆင်သင့်ဖြစ်သွားသည်။

" စုပြည့် နင်ဘယ်တွေရောက်ပြီးပြီလဲ.. Orchardရောက်ပြီးပြီပေါ့"

" အင်း ရောက်ပြီးပြီ... "

အုန်းနို့ခေါက်ဆွဲချက်စားဖို့ လိုအပ်တာတွေ
လုပ်နေရင်း ဆန်ပြုတ်ကို မတရားငန်တယ် ပြောတဲ့ သူကို သတိရလာသည်။ သူ့ကိုရော လာစားခိုင်းရမလား။

" နွေးမွန်.. ငါ ဒီမှာရှိတဲ့ ငါ့သူငယ်ချင်းတယောက်ကို ဖိတ်လိုက်ရမလားဟင်.. နင်မအားတဲ့အချိန် ငါ့ကိုဂရုစိုက်ပေးထားတာ ဖိတ်လိုက်ရမလား... "

အသနားခံသလို မျက်လုံးတွေကြောင့်
နွေးမွန်မွန် တယောက် မျက်စောင်းထိုးလာသည်။

" ယောကျာ်းလေးလား မိန်းကလေးလား
ဖိတ်လေ ဘာမှ မဖြစ်ဘူး... "

" ယောကျာ်းလေး.. ဟီး မိတ်ဆက်ပေးမယ်နော်..."

ဖုန်းက ဧည့်ခန်းထဲမှာ။ ဖုန်းခေါ်ထားမလား စောင့်မျှော်နေမိပေမဲ့ မျှော်လင့်သလိုမဟုတ်ပါ။ ဖုန်းဆက်တော့လဲ မကိုင်။

GladioliWhere stories live. Discover now