Unicode
ကျနော်နဲ့ခင်ဗျားကနေ ရုတ်တရက် ကိုယ်နဲ့မင်းဖြစ်သွားတော့ ရင်ထဲမှာ ပန်းတွေပွင့်နေပြီ။ လမ်းတလျှောက်လုံး ခိုးခိုးကြည့်နေတာလဲ ဒီက မသိဘူးထင်လို့နေမှာ။ သိတာပေါ့ မသိချင်ယောင်ဆောင်နေတာ။
အိပ်ယာပေါ် ဟိုလိမ့်ဒီလိမ့်နဲ့ ဘယ်လိုမှ
အိပ်မပျော်၊ အပြင်မှာလဲ မိုးလေးတဖွဲဖွဲနဲ့။
သူ့ Facebook Timelineအောက်ဆုံးထိလဲ စပ်စုလိုက်သေး၏။ စပ်စုလို့ အားရတော့မှ အိပ်ပျော်သွားရသည်။" ပြည့်..."
ငြီးတွားသံလိုလိုနဲ့ ဝေဒနာတစ်ခုခုကို ခံစားနေရလို့ အားကိုးတကြီး လှမ်းခေါ်တဲ့အသံ။
အိပ်ပျော်နေရင်း လန့်နိုးလာပြီး လူတကိုယ်လုံးလဲ ချွေးစေးတွေပြန်နေသည်။ရင်တွေတုန်နေတာများ တဒိန်းဒိန်းနဲ့ ဟိုတယ်မှာ တခုခုများရှိတာလား။
ဟင်... မဖြစ်နိုင်ပါဘူး။ မနေ့ကတောင် အဆင်ပြေတာပဲ။ ကောင်းကောင်းအိပ်ပျော်သေးတာပဲ။
နာရီကိုကြည့်မိတော့ မနက် လေးနာရီထိုးဖို့ ငါးမိနစ်အလို။ စောင်ခေါင်းမြှီးခြုံပြီး ဇွတ်အတင်းပြန်အိပ်ရသည်။ ခဏနေ မိုးလင်းတော့မှာပဲ။
နောက်တခါ အိပ်ရာက နိုးလာတော့ ခုနှစ်နာရီထိုးပြီ။ သူ့ဆီဖုန်းဆက်ရမလား။ ကျောင်းသွားရဦးမှာပဲ။ ဖုန်းဆက်ပြီးရင်ရော၊ ဘာကိစ္စနဲ့ဆက်တာလဲမေးရင် ကျမ အိပ်မက်မကောင်းလို့ ဆက်တာပါလို့ ပြောရမှာလား။
အား...။
မနေ့က သူပြောပါတယ်။ သူ့အိမ်က
Jurong Eastမှာတဲ့ ဘယ်လိုရှာရမလဲ။Breakfastစားပြီး ပစ္စည်းတွေ အကုန်သိမ်း
ဖြစ်နိုင်ရင် တခါထဲ check out လုပ်ရမလား တွေးမိသည်။ဘယ်သွားနေမှာလဲ ပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်ထားတာက နောက်သုံးရက်နေမှ။
"ဟဲလို ကိုအောင်မြင်ဖြိုးဦးလား... "
အမျိုးမျိုး တွေးပူပြီးတဲ့နောက်မှာတော့ ဖုန်းဆက်ကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။ စဉ်းစားတွေးတောပြီး တွေးပူနေတာထက် လက်တွေ့အကောင်အထည်ဖော်တာက အကောင်းဆုံးပဲလေ။
![](https://img.wattpad.com/cover/216651439-288-k562331.jpg)
DU LIEST GERADE
Gladioli
RomantikNo Description Here... BOY × GIRL Myanmar Fiction Own creation Start - 14.03.2020 End - 15.09.2020