1st Anniversary

1.9K 73 8
                                    

[ Happy 1st Anniversary to GLADIOLI... ]

.
.
.
.
.

" ပြည့်.. ကိုယ် ပြောမယ်... "

" မပြောနဲ့... "

" မင်းကွာ.. အဓိပ္ပာယ်မရှိတာ..."

" မလာခဲ့နဲ့.. သွား.. ကိုကို အခန်းထဲသွားနေလို့ "

" အရေးမပါတာအတွက်နဲ့ ... "

ပြည့်တို့ သမီးယောင်းမနှစ်ယောက် ဆိုဖာပေါ်မှာ တယောက်ကို တယောက်ဖက်ထားရင်း မျက်ရည်လည်ရွှဲနဲ့ ထိုင်ငိုနေကြတာဖြစ်သည်။

ကိုကိုကတော့ မနက်အစောထဲက အလုပ်သွားဖို့အရေးကို မသွားနိုင်ပဲ ပြည့်အနားနေပေးပေမယ့် ပြည့်က  နှင်းသန့်က်ို ဖုန်းဆက်ခေါ်လိုက်တာ။ နှင်းသန့် ရောက်လာတော့လဲ နှစ်ယောက်သား မျက်ရည်တွေ လှိမ့်ကျလာတာ ဘယ်လိုမှထိန်းမရဘူး။

အကြောင်းအရင်းကတော့ အိုပါးတွေကြောင့်ပဲ ဖြစ်သည်။

Christmasညက Liveကြည့်ရင်း ငိုကျတော့ ကိုကိုက ပြည့်တို့ကို ဘာမှမပြောပေမဲ့ ဒီနေ့တော့ ကိုကိုလဲ စိတ်တိုနေသည်။

" အဲ့တော့ ဘာဆက်ဖြစ်မှာလဲ.. ဒါမျိုးတွေ ရှိနိုင်တာ သိပေမယ့် ညီမလေး မပြင်ဆင်ထားရသေးဘူး မမရဲ့... "

' JYP Entertainment Confirms All GOT7 Members Will Leave The Company ' ဆိုတာကြီးကို နားမလည်သလိုလို၊ ဘာသာမပြန်တက်သလိုလိုနဲ့ အခေါက်အခါ ဖတ်ကြည့်မိနေသည်။

အမှန်အတိုင်းပြောရရင် ရင်ထဲမှာ ဆို့နစ်နစ်နဲ့ ဦးနှောက်ထဲမှာလဲ ဗလာဖြစ်နေ၏။ ဒီ ခုနှစ်ယောက်ကို နောက်ထပ်အတူတူထပ်မတွေ့ရရင်ဆိုတာမျိုးက စဉ်းစားကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလွန်းသည်။

" ပြည့်.. တော်သင့်ပြီကွာ.. ကိုယ့်ကိုလဲ သနားပါဦး... "

" ကိုကို့ကို ဘာသနားစရာရှိလို့လဲ... "

" ကိုယ် ချစ်ပေးတာ မလုံလောက်သေးလို့လား ဟင်.. မင်း မနက်ထဲက အရမ်းငိုနေတော့ ကိုယ်လဲ ရုံးမသွားနိုင်ဘူး.. နေ့လည်ရောက်နေပြီ.. တခုခုသွားစားရအောင်နော်... "

ကိုကိုက ပြည့်ဘေးနားကနေ တချိန်လုံး ချော့နေတော့ အားနာလာတာနဲ့ မျက်ရည်ကြိုးစားသုတ်လိုက်ရသည်။ ပြီးတာနဲ့ ရင်ထဲဆို့နစ်လာပြန်ပြီး ငိုမိပြန်လေသည်။

GladioliWhere stories live. Discover now