အလွန်သာယာ စည်ပင်သော မြို့တစ်မြို့ဟု ကြားသိခဲ့ရသော်လည်း ယခုအခါတွင် မြို့မှာ အေးစက်တည်ငြိမ်လျှက်.....သွားလာနေကြသော ကုန်သည်များရှိသော်လည်း အသက်မပါသည့်အလား....အရယ်အပြုံးမရှိ....
တစ်မြို့လုံး ပူဆွေးမှု တစ်ခုခုကို ခံစားနေရသည့်အလားပင်....

ဝမ်ရှု တည်းခိုခန်း တစ်ခုသို့ ဝင်ရောက်လိုက်သည်....
တည်းခိုခန်း သို့ ဝင်သည်မှာ အကြောင်းရင်းရှိသည်....ဤမြို့ မည်သည့်အတွက်ကြောင့် တိတ်ဆိတ်နေရသနည်းဟူသည့်အကြောင်းပြချက်ကိုသိရန်နှင့် သူပင်ပန်းနေပြီ ဖြစ်သောကြောင့်ပင်....

သူစီးနင်းလာခဲ့သည့်သနားစရာမြင်းလေးကို
လည်းအနားပေးသင့်သည်မဟုတ်ပါလား ....

"သခင်မလေး အစားအသောက် သုံးဆောင်မှာလား..
ဒါမှမဟုတ် တည်းခိုဖို့လား ခင်ဗျ...."

တည်းခိုခန်း မှ စားပွဲ ထိုးလေးကတော့ ရွှင်မြူးစွာ ဆိုလာသည်....

"နှစ်မျိုးစလုံးပါ...."

"ကောင်းပါပြီ သခင်မလေ....ဒီဘက်ကို ကြွပါ...."

စားပွဲထိုးလေးက ဝမ်ရှု တည်းခိုမည့် အခန်းသို့ လိုက်ပြပေးသည်....

"ခဏ ကျွန်မ သိချင်တာ ရှိလို့ ပြောပြနိုင်မလား...."

"ကျွန်တော်သိတာဆို ပြောပြပါ့မယ်... "

"ခုန မြို့ထဲဝင်လာတုန်းက လူတိုင်းက မျက်နှာပျက်နေသလိုပဲ...."

"အာ...အဲ့ဒါလား ကျွန်တော်တို့ မြို့ရဲ့ မြို့ဝန် က တိုက်ပွဲ မှာ သေဆုံးသွားခဲ့တယ်....မြို့ဝန်က ပြည်သူတွေအပေါ် အရမ်းကောင်းတာဗျ....သူ့လို လူကောင်း တစ်ယောက် ခေါင်းဆောင်ကောင်း တစ်ယောက် အခုလို ဖြစ်သွားတော့ တစ်မြို့လုံး ဘယ်စိတ်ကောင်းနိုင်မလဲဗျာ...."

"ဒါဆို မြို့ဝန်ရဲ့ သမီးရော.... သူရော..."

ဝမ်ရှု စိုးရိမ်​ တကြီး မေးမိသည်...

"သခင်မလေး ယွဲ့က ပိုသနားစရာ ကောင်းတယ်ဗျာ....ဒီသတင်းတွေကို သခင်မလေးက ပိတ်ထားတာဗျ...ပြောမိတဲ့သူအတွက် မလွယ်နိုင်ဘူးဗျာ....ကျွန်တော်တောင် ဆိုင်မှာ လာသုံးဆောင်တဲ့ ရဲမက်အချို့ ပြောနေတာကို တစ်စွန်းတစ်စကြားခဲ့ရတာ....ဒီက သခင်မလေးကို ပြောပြလို့ မဖြစ်ဘူးထင်တယ်...."

Unexpected (completed) Onde as histórias ganham vida. Descobre agora