Chan : " ငါမသိဘူးကွ😅။ aww ဒါနဲ့ ငါ မနက်ဖြန် ကျောင်းမလာဘူးနော်"

Kai : " ဟင် ဘာလို့လဲ "

Chan : " KS ခေါ်ထားလို့"

Kai : " Aa မင်းသူနဲ့တွေ့မှမေးကြည့်ပေါ့ ။ မင်းလည်းနော် ငါတို့နဲ့တောင်အချိန်မနိုင်တော့ဘူး"

Chan : " ပြိုင်ပွဲပြီးတာနဲ့ မင်းနားက မခွာဘဲ ကပ်နေမှ ငါ့လာမပြောနဲ့။ အခုတော့ ပြိုင်ပွဲနိုင်ဖို့အရေးကြီးနေတယ်"

Kai : " မင်းနိုင်ပါစေ ဆုတောင်းပေးတယ် နော် သာကြီး"

Chan : " 😂 Aပါကွာ။ ဒါပဲဟျောင့််"

Kai ဆုတောင်းအမှန်က အတုယောင်တွေကြားထဲက အစစ်ကိုရှာတွေ့စေချင်တာပါ။ မင်းငါပြောတဲ့ အဓိပ္ပါယ်ကိုနားလည်နိုင်ပါစေကွာ။
Chan kai KS အကြောင်းဘယ်လိုသိလာလဲဆိုတာသိချင်ပေမဲ့ မမေးထွက်ခဲ့ဘူး။ သူ KS နဲ့ အနေနီးတယ်ထင်ရပေမဲ့ တကယ်တော့သူတို့ကအဝေးကြီးဘဲ ။ နည်းနည်းတော့ခံစားရတယ် သူနောက်ဆုံးမှသိခွင့်ရတာပဲ။

နောက်နေ့ ၅ နာရီမထိုးခင် chan ပပြိုင်ဘီးနဲ့KSတို့ခြံရှေ့ရောက်လာတယ်။ လာပုံကလည်း တီရှပ်ပါးပါးလေးနဲ့။ KS စိတ်ကူးရပြီး ပါးအဝတ်ဗီရိုထဲက ရှပ်အင်္ကျီတစ်ထည်ယူပေး လိုက်တယ်။ သူ့အင်္ကျီနဲ့chanနဲ့တန်မှာမဟုတ်ဘူးလေ။

KS : " မင်းဟာလေ မနက်အစော ကြီးကိုမချမ်းဘူးလား။ အင်္ကျီပါးပါးလေးနဲ့ "

Chan : " ဘယ်က ချမ်းရမှာလဲ။ဒီမှာလေ စက်ဘီးအသားကုန်နင်းလာတာ ချွေးတွေ ရွှဲနစ်နေတာ ။ စမ်း ကြည့်ပါလား"

KS : " မင်းတီရှပ်ချွတ်လိုက် ရော့ ဒီရှပ်အင်္ကျီဝတ်လိုက် "

Chan : " aww အလိုက်သိတာ အဲ့လို"

သူကရှပ်အင်္ကျီအဖြူကိုလဲရင်းပြုံးပါတယ်။ သူပြုံးလိုက်တိုင်း ပါးချိုင့်လေးခွက်သွားတာ သတိထားမသလို ။ Ks ကိုယ်တိုင် ဘာဖြစ်သွားမှန်းမသိတဲ့ ခံစားချက်က ထူးဆန်းလွန်းတယ်။

Ks : " ငါ့ကားနဲ့ဘဲ သွားမယ်နော်"

Chan : " သဘောပါဗျာ"

တကယ်တော့ သူ့နဲ့အတူ ဘုရားသွားတယ်ဆိုတာကလည်း ဆွဲဆောင်နည်းတစ်ခုပါ။ Ks ရဲ့ ဘုရားသွားတဲ့ပုံစံလေးကို မြင်စေချင်ရုံသက်သက်ပါ။ KS က ရှပ်အင်္ကျီ ခဲရောင်လေးဝတ်ထားပါ။ KS ကို chan ခနခန  လှည့်ကြည့်နေတာတော့ မသိချငိယောင်ဆောင်ကာ

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Dove le storie prendono vita. Scoprilo ora