Beak : " ဘာမှမဖြစ်ပါဘူး။ ဟို ဟို Toilet သွားလိုက်ပါအုံးမယ်"

ဟုဆိုကာ ထပြီးထွက်အသွား

ဒုန်း.....
ခွမ်း.......
ဆိုတဲ့အသံတွေကြောင့် Ks တို့လှည့်ကြည့်တော့ ကြောင်အစွာရပ်နေတဲ့ Beak နဲ့ Beakကို စူးရဲစွာကြည့်နေတဲ့ လူတစ်ယောက်။ ကြည့်ရတာ Ks တို့နဲ့အသက်တူလောက်ပါပဲ။ Ks တို့ Beak ဆီ အလောတကြီးသွားကာကြည့်တော့ အဲ့လူအပေါ်အင်္ကျီမှာ ဝိုင်တွေက စိုရွှဲနေပြီး Beak က ကြောင်အစွာရပ်နေဆဲ။ Chen က beak ကို ဆွဲလှုပ်ပြီး

Chen : " အဆင်ပြေရဲ့လား Beak ။ ဘာဖြစ်သွားသေးလဲ။ "

အသိပြန်ဝင်လာသောBeakက
Beak : ဟင်..အင်း ဘာမှမဖြစ်ပါဘူး ။ ငါအဆင်ပြေပါတယ်။ "

Chen တို့စကားပြောနေတုန်း ဟိုလူက ခနဲ့သလိုရယ်ပြီး

Boy : " မင်းသူငယ်ချင်းက တော်တော်အရေးပါပုံပဲ။ ငါက မင်းတို့ ယဥ်ကျေးမှု ရှိမယ်လို့ထင်ထားတာ။ ငါထင်တာ မဟုတ်ဘူးပဲ ။ "

ဘေးနေက waiter ကို ခေါ်ကာအပေါ်အင်္ကျီကို ချွတ်ပြီး

Boy : " လွှတ်ပစ်လိုက်တော့"

Waiter : " ဟုတ်ကဲ့"
ဟုဆိုကာ ထွက်သွားလေသည်။

ပေါက်ကွဲသွားသူက Ks ပင် ။ ယဥ်ကျေးမှု ဆိုတဲ့စကားကြောင့်။

Ks : " မင်းကကော ဘယ်လောက်တောင် ယဥ်ကျေးမှုရှိနေလဲ။မင်းရဲ့ အခုလုပ်ရပ်ကရောအရမ်းယဥ်ကျေးမှုရှိနေတယ်လို့ထင်လို့လား။ မင်းကြောင့် ငါ့သူငယ်ချင်းလဲ ထိခိုက်သွားတာပဲလေ ။ ဘယ်သူမှားတယ် မှန်တယ် မပြောနိုင်ပေမဲ့ ထိခိုက်တာချင်း က အတူတူပဲ ။ မင်းပါးစပ်က ယဥ်ကျေးမှု ဆိုတဲ့စကားမပြောခင် စကားအပြောအဆိုယဥ်ကျေးမှု ကိုအရင်လေ့လာလိုက်ပါအုံး။ "

Ks ပေါက်ကွဲစွာ ​စကားတွေပြောပစ်လိုက်ပေမဲ့။ ဟိုက ခပ်မဲ့မဲ့ ပြုံးကာ

boy : " မင်းတို့လူဘက်က အရင်စတာလေ ။ ငါ့ကိုတောင်းပန်မဲ့အစား။ မင်းတို့လုပ်နေပုံကရော ဟုတ်လို့လား။ မင်းတို့က လူတွေအများကြီး ငါကတစ်ယောက်ထဲ ။ တကယ်ဆို မင်းတို့ဘယ်လို လုပ်သင့်တယ်ဆိုတာ သိမှာပါ။ ငါပြောနေစရာလိုလို့လား။ အခု ငါ့အင်္ကျီလွှတ်ပစ်လိုက်ရတယ်လေ။ "

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now