part. 23

29.9K 3K 35
                                    

ဝမ်ရီပေါ်ဟာ အမည်မသိအကြောင်းပြချက်တစ်ချို့ကြောင့် စိတ်မသက်မသာခံစားနေရတယ် ။ ကိုယ့်နိုင်ငံပဲမဟုတ်လို့လား ဘာလားတော့မသိ ။ ဇန်ဇီနိုင်ငံမှာနေရတာက နည်းနည်းလေးမှအဆင်မပြေချေ ။ ကိုကိုတော့ ဘာတစ်ခုမှမခံစားရတဲ့အလား အဝတ်အိတ်ထဲကအဝတ်အစားတွေကို ဗီရိုထဲ စနစ်တကျပြောင်းထည့်နေတယ် ။ ဝမ်ရီပေါ်ကစိတ်တွေရှုပ်လာတဲ့အတွက် ကိုယ့်ဆံပင်ကိုဆွဲကာ အော်ဟစ်မိတယ် ။ နည်းနည်းလေးမှ အဆင်ပြေမနေဘူး ။

ကိုကိုက သူ့ရဲ့အော်သံကြောင့် အလန့်တကြားဖြစ်သွားကာ သူ့ရဲ့အနားကိုရောက်လာခဲ့တယ် ။ အဲ့ဒီနောက် ဘာဖြစ်လဲလို့ဆိုပြီးမေးနေတယ် ။ သူက ကိုကို့ကိုစိတ်မညစ်စေချင်ဘူး ။ အဲ့တာကြောင့် ဘာမှမဟုတ်ဘူးလို့သာပြန်ဖြေလိုက်တယ် ။ အခုဆိုရင် သူတို့က ဇန်ဇီနိုင်ငံကိုရောက်ရှိနေပြီး သူတို့အတွက်သတ်မှတ်ပေးထားတဲ့ နေရာမှာနေနေကြတာဖြစ်တယ် ။ ကိုကိုနဲ့တစ်ခန်းတည်းမှာ အတူနေရအောင်လည်း သူကကြံထားပြီးသား ။

သူက ကိုကို့ကို သူမဟုတ်တဲ့တခြားလူနဲ့ အတူပေးနေစရာလား ။ ဝမ်ရီပေါ်ဆိုတဲ့သူက ကိုကိုနဲ့ပတ်သတ်လာရင် အရာအားလုံးကိုလောဘကြီးပြီးသား ။ ကိုကိုကတော့ သူ့ရဲ့အကြံတွေကိုမရိပ်မိပဲ သက်သောင့်သက်သာ​ဖြစ်​နေတယ် ။ ကိုကိုကလေ အရမ်းကိုတုံးအလွန်းတယ် ။ ကျားချောင်းချောင်းနေတဲ့သူ့ကို နည်းနည်းလေးတောင် သတိထားမိဘူးတဲ့လေ ။ သူ့ကို အရမ်းတွေယုံကြည်နေတာလား? ။

အခုအချိန်မှာတော့ သူ့ရဲ့ကိုကိုဟာ ပြိုင်ပွဲဝင်ရမဲ့လက်ရွေးစင်တွေကို မှာတမ်းချွေနေတယ် ။ အဲ့ဒီလိုပဲသူ့ကိုလည်း ထပ်ခါထပ်ခါမှာကြားခဲ့တယ် ။ အဲ့ဒီနောက်မှာတော့ အခန်းထဲကိုပြန်သွားကာ အိပ်စက်ဖို့ပြင်နေတယ် ။ သူက ကိုကို့ကိုဘယ်လိုပြီး ဒီအတိုင်းပေးအိပ်လိုက်နိုင်မှာလဲ? ။ ကိုကို့ကိုမထိရတာ အတော်တောင်ကြာနေပြီလေ ။

အဲ့တာကြောင့်မို့ ကိုကို့ကို ခါးလေးကနေဆွဲဖက်ကာ သူရဲ့ပေါင်ပေါ်မှာ အတင်းထိုင်စေတယ် ။ အဲ့ဒီနောက် စွပ်ကျယ်အပါးလေးထဲလက်ထည့်ကာ ကိုကိုရဲ့ခန္ဓာကိုယ်ကို စတင်စတင်ပွတ်သပ်လိုက်တယ် ။ ကိုကိုက သူရဲ့အထိအတွေ့တွေကို မလွန်ဆန်နိုင်ခဲ့ဘူး ။ ဝမ်ရီပေါ်က ကိုကိုရဲ့နှုတ်ခမ်းကထွက်လာတဲ့ ညည်းသံတွေကြောင့် ချက်ခြင်းမာလာတော့တယ် ။ သူ ကိုကို့ကို ​ချစ်ပစ်လိုက်ချင်ပြီ ။ ကိုကိုရဲ့ဂုတ်သားဖွေးဖွေးလေးအပေါ်က သူရဲ့အမှတ်အသားကို လျှာနဲ့လျက်ကာစုပ်ယူနိတော့ .....

My Lovely Omega [ Completed ] Where stories live. Discover now