part. 3

36.3K 3.7K 41
                                    

ဝမ်ရီပေါ်ဟာ သူ့အဖေပြောလာတဲ့ စကား​တွေကို နားထောင်ပြီးနောက် သူ့ရဲ့ဘဝကြီးတစ်ခုလုံးက ချောက်ထဲကျသွားသလို ခံစားရလိုက်ရတယ် ။ နောက်ဆုံးတော့ သူကြောက်နေတဲ့အရာတွေက တကယ်ဖြစ်လာပြီပဲ ။ ကိုကိုက သူ့ကို ထားသွားခဲ့ပြီ ။ သူငိုတဲ့အချိန်တိုင်းလည်း ဝမ်လေးဆိုပြီး ရင်ခွင်ထဲထည့် မနှစ်သိမ့်ပေးနိုင်တော့ဘူး ။

မုန်းတယ်! သူ့ရဲ့ဘဝကြီးကို သူမုန်းတယ် ။ ဘာလို့ အယ်ဖာဖြစ်နေရတာလဲ ။ သူက အယ်ဖာမဖြစ်ချင်ဘူးလေ ။ ဘီတာလောက်ဆို ကျေနပ်နိုင်သေးတယ် ။ အဲ့ဒီလိုဆိုရင် သူက ကိုကိုနဲ့ လက်ထပ်လို့ရပြီ ။ ကိုကို့ကိုလည်း သူ့စီက​နေ ဘယ်သူကမှ လာမခေါ်သွားနိုင်တော့ဘူး ။

တခြားလူတွေအတွက်တော့ အယ်ဖာတစ်ယောက်ဖြစ်လာဖို့က ဘဝမှာ အကြီးမားဆုံးရည်မှန်းချက်​​ဖြစ်တယ် ။ သူလည်းပဲ အယ်ဖာဖြစ်ချင်ခဲ့တာပေါ့ ။ ဘာလို့လဲဆိုရင် အယ်ဖာတွေကသာ ခွန်အားကြီးသူတွေ ဖြစ်ကြလိုလေ ။

ဝမ်ရီပေါ်က သူ့ရဲ့အသက်ခြောက်နှစ်အရွယ်မှာပဲ ကိုကိုနဲ့စတွေ့ခဲ့တယ် ။ ဆယ့်နှစ်နှစ်သားကိုကိုက အဲ့ဒီအချိန်က ကြွေရုပ်လေးအတိုင်းပဲ ။ အရမ်းကိုမှ ချောမောလှပလွန်းတယ် ။ ဒါပေမဲ့ကိုကိုဟာ နူးညံ့မ​နေခဲ့ဘူး ။ အရမ်းကို စိတ်ဓာတ်မာလွန်းတယ် ။ ကိုကိုရဲ့အမေကို မမြင်ဖူးပေမဲ့ ကိုကိုရဲ့ချောမောမှုကို မြင်ရတာနဲ့တင် ကိုကိုရဲ့အမေဟာ ဘယ်လောက်အထိ ချောမလဲဆိုတာကို သူခန့်မှန်းမိပါတယ် ။

ကိုကိုဟာ သူ့ကို အမြဲကာကွယ်ပေးတက်တယ် ။ အဲ့တာကြောင့်မို့လို့လည်း ကိုကိုရဲ့ရှေ့မှာဆိုရင် အားနည်းတဲ့ ကလေးတစ်ယောက်အဖြစ် အမြဲဟန်ဆောင်ခဲ့တယ် ။ အဲ့ဒီနောက်မှာတော့ အယ်ဖာဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့အိမ်မက်က ကိုကိုကြောင့် ပျောက်ကွယ်သွားတယ် ။ အယ်ဖာဖြစ်လာရမဲ့အစား အိုမီဂါဖြစ်လာချင်တဲ့ ဆန္ဒတွေက သူ့စီမှာ ပေါ်ပေါက်လာတယ် ။

အသက်ကြီးလာရင် ကိုကိုနဲ့လက်ထပ်ပြီး ကလေးတွေအများကြီးနဲ့ နေသွားဖို့်က သူ့ရဲ့အိမ်မက်အသစ် ဖြစ်လာတယ် ။ အဲ့ဒါကြောင့်လည်း ချစ်ဖို့ကောင်းတဲ့ပုံလေးဖြစ်အောင် ကြိုးစားနေထိုင်ခဲ့တယ် ။ ကိုကိုက သူကြီးလာရင် သူ့ကိုလက်ထပ်ပြီး ကာကွယ်သွားမယ်လို့ ကတိပေးခဲ့တယ် ။ ဝမ်ရီပေါ်ဟာ ပျော်ရွှင်စွာနဲ့ပဲ အိုမီဂါတွေရဲ့ပုံစံအတိုင်း နေထိုင်ခဲ့တယ် ။

My Lovely Omega [ Completed ] Where stories live. Discover now