ထိုကောင်လေး ဆီကဘာသံမှမထွက်လာတော့...

"ပုလုံးလေး ပုလုံးလေး..."

အသံမထွက်လာတော့လို့ တိမ်ယံ လန့်သွားသည်။ ချက်ချင်းများ မေ့သွားတာလား...

"ဟိတ်ပုလုံးလေး"

အနားရောက်တော့ ထိုအနှီကောင်လေးက ဟောက်ပင်ဟောက်နေလျက်..။ပုလုံး တစ်ယောက် ပြန်ပင် အိပ်ပျော်နေပြီ။

တိမ်ယံတော်တော်လေးရယ်ချင်သွာသည်။ဤကဲ့သို့ ခဏတွင်းချင်းပင် ဟောက်သံထွက်သည် အထိအိပ်ပျော်သည့် လူသားကို တိမ်ယံ မတွေ့ဖူးသေးချေ။

အခုလောလောဆယ်တော့ဒီကောင်လေးကို အလိုလိုက်လို့မရ..လေယာဉ် ချိန်ကလည်း နီးလာပြီ။

တိမ်ယံ ထိုအနှီကောင်လေးကို ဆွဲချီလိုက်သည်။

"ဟာ အကိုဘာလုပ်တာလည်း ကျွန်တော်အိပ်ချင်သေးပါတယ်ဆိုဗျာ..."

"မရတော့ဘူး ကောင်လေး ခဏနေသွားရတော့မှာ အခုစပြင်ဆင်တော့ မှမှီမှာ ပုလုံးလေးက ဒီမှာ နေခဲ့ချင်လို့လား။"

ပုလုံးလေးဆီမှ ဘာသံမှမထွက်လာတော့...။

"အဲ့တာဆိုလည်းလွှတ်ဗျာ။ကိုယ့်ဘာသာဆင်းမယ့်။"

ပုလုံးလေးကတော့ တိမ်ယံ့ကိုဆောင့်အောင့်ကာသာ ရေချိုးခန်းထဲသို့၀င်သွားတော့သည်။

တိမ်ယံကတော့ ပြုံးတုံ့ ပြုံးတုံ့အဖြစ်သာ ကျန်ရစ်ဖြစ်ခဲ့ရတော့သည်။

~~~~~~~~~~~~~~~~
"ပုလုံးလေး ဒီဘက်ကို ကြည့်ပါဦး..အကို့ကို လှည့်ကြည့်ပါဦး။"

ပုလုံးလေးကပြန်မပြော။ထိုကလေးလေးကတော့ စိတ်ကောက်နေသည်တောင် အလွန်ချစ်ဖို့ကောင်းနေသည်။

တိမ်ယံ့၏ shirt ဖြူရှည်ရှည်ကို ဘောင်းဘီရှည်ရှည်ထဲထိုးထည့်ကာ ခါးပတ်ကိုလည်း ကြပ်ကြပ်တပ်ထားရကာ ပိုနေတဲ့ ခါးပတ်ကြိုးလေးကလည်းတွဲလောင်းကျနေလျက်။ဤကဲ့သို့သော် ကပိုကယို အခြေအနေလေးမှာတောင် ပို၍ပင် ချစ်ဖို့ကောင်းနေသေးသည်...

"ပုလုံးလေးက စိတ်ကောက်တတ်တယ်ပေါ့"

"ကျွန်တော်က ယောက်ျားဗျ..။ဘာလို့စိတ်ကောက်ရမှာလည်း။"

All You Need Is Love{လိုအပ်သည်ကအချစ်သာ}U+Z(Completed)Where stories live. Discover now