အပယ်ခံ ~ 66

Start from the beginning
                                    

ဒါပေမဲ့ တစ်နေ့တော့ အလင်းတန်းတစ်ခု သမီးဘဝထဲ ရောက်လာတယ် သူက သမီးရဲ့ Gege Yibo~~ gege~~"

Xing Xing ပြောရင်းပင် မျက်ရည်အပေါက်ပေါက်ကျလာလေသည် ပရိတ်သတ်တွေလည်း အားလုံးငြိမ်သက်လို့ သူမစကားကို စောင့်ဆိုင်းနေကြလေသည်

လူတစ်ယောက်ရဲ့ မျက်ဝန်းလှလှထဲမှာလည်း မျက်ရည်စက်လေး ကြွေဆင်းသွားလေပြီ

"Geကပြောခဲ့တယ် သမီးက ထမရပ်ရဲရင် ထာဝရ လှဲကျနေတော့မှာပေါ့တဲ့ ​သမီးရဲ့ ခြေဖဝါးနုနုလေးက မြေသားကြောက်တာလားတဲ့ ဒါဆို ပါပါးရဲ့ ခြေဖမိုးပေါ် တက်နင်းလိုက်တဲ့ သမီးထရပ်ဖို့ သမီးရဲ့ အင်အားအဖြစ် သမီးရဲ့ အားကိုးရာအဖြစ် သမီးရဲ့ မှီခိုရာအဖြစ် သူက သမီးပါပါးအဖြစ်နေပေခဲ့တယ် "

Xing Xing ပြောနေရင်းပင် လူက အရမ်းငိုနေလေပြီ ဒါပေမဲ့ မပြောနဲ့လို့လည်း ဘယ်သူမှလည်း ထမတားခဲ့

ခုဏက အထင်သေးနေတဲ့ ထိုမျက်ဝန်းတွေကတောင် မျက်ရည်ဝဲလို့

"သမီးက ပါပါးမရှိသလို မာမားလည်းမရှိခဲ့ဘူး ဖွားဖွားကောက်လာတဲ့ အမှိုက်ဘုံကခလေးတစ်ယောက်သာ Gegeက သမီးမခံစားဖူးတဲ့ ပါပါးမေတ္တာကို ပေးခဲ့တယ်

Gegeကပြောတယ် သမီးလေးထရပ်ဖို့ ပါပါး ခြေဖဝါးနာလည်း ဖြစ်တယ်တဲ့

သမီးကမ္ဘာ​ပေါ်က ပါပါးကောင်းများအားလုံးကို ဂါရဝပြုပါတယ် သမီးတို့အတွက် လှုံခြုံမှုပေးခဲ့လို့ မာမားက အသက်ပေးခဲ့တယ်ဆိုရင် ပါပါးက ကြီးထွားစေတဲ့သူပဲ

တကယ်လို့ သင်က မိဘအစုံရှိသေးတယ်ဆိုရင် ဂုဏ်ယူစွာပဲ သူတို့ကို ချစ်ပြလိုက်ပါ
တကယ်လို့သင် မိခင်သာ ရှိနေရင်လည်း သူ့ကိုချစ်ပေးပါ
တကယ်လို့သင် ဖခင်ပဲ ရှိနေတယ်ဆိုရင် သူ့အရိပ်မှာ ခိုလံှုရင်း သူ့ကိုပြန်လည်ဂရုစိုက်ပါ
တကယ်လို့ တကယ်လို့ သင်က သမီးနဲ့ Yibo Gegeလို မိဘမရှိခဲ့ဘူးဆိုရင် အားမငယ်ပါနဲ့ Xing Xing သင်ကိုချစ်ပါတယ်
သမီးအားလုံးကိုတောင်းဆိုချင်ပါတယ် ထိုသူတို့ကို နင်းချေမဲ့အစား ဖေးမခဲ့ကြပါလားလို့ပါ"

Xing Xing ပြောပြီး ငိုနေတာကြောင့် MCတို့ လာချော့သလို Xiao Zhanလည်း စင်ပေါ်ပြေးတက်လာလေသည်
ဒိုင်လူကြီးတွေကတော့ လက်ကိုင်ပုဝါကိုယ်စီနဲ့ မျက်ရည်သုတ်နေကြလေသည်

Cinderella (အပယ်ခံ) ZSWW (Complete)Where stories live. Discover now