အပယ်ခံ ~ 12

18K 1.5K 101
                                    

Unicode ver.....

"Wang Yibo!!"

အားလုံးက Yibo လုပ်ရပ်ကြောင့် ကြောင်အသွားရလေသည်

ရေစီးသန်နေတဲ့ ရေထဲ ကြောက်ရွံ့မှုမရှိ
ခုန်ချသွားသည်က မိုက်ရူးရဲ ဆန်တယ်လို့ ယူဆရမည်လား

မိုက်ရူးရဲမဆန်ပဲ ထားအုံး
ရေစီးသန်နေတဲ့ချောင်းထဲ သူ့ရဲ့ ဆွဲကြိုးသေးသေးလေးကို ပြန်ရှာနိုင်မည်တဲ့လားလေ

ဒါမျိုးက သမုဒ္ဒ ရာထဲက အပ်ပျောက်လိုက်ရှာသလို ဖြစ်မနေဘူးလား

"Wang Yibo"
"Yibo"

ပြိုင်တူထွက်လာတဲ့ အသံနှစ်ခု ရေ ကို အနိုင်နိုင်ဆန်ကျင်ပြီး ရေငုတ်နေတဲ့ Yiboဆီ ရေစီးနဲ့အတူ မျောပါနေပြီဖြစ်တဲ့ Yiboလက်ကို Xiao Zhanလှမ်းဆွဲ
နှစ်ယောက်သား မျောတော့မဲ့ အချိန် ဟောက်ရွမ်း Xiao Zhan လက်ကိုလှမ်းဆွဲ

အားလုံးကူဆွဲမှ မမျောကြတော့ပဲ ကမ်းဘက်ဆီသို့

Xiao Zhan ဆွဲထားသည့်ကြား အတင်းရုန်းနေတာက Yibo

"မင်းရူးနေပြီလား Wang Yibo!! သတိကပ်စမ်း!!!"

Xiao Zhanဟောက်လိုက်တော့မှ နည်းနည်းငြိမ်ကျသွားတော့ သူတို့က ကမ်းပေါ်ရောက်လုနီးနီး

"ဟင့် မား!"

Yibo ပြန်ဆင်းမယ်လုပ်တော့
Xiao Zhan Yiboကိုယ်ကို ကမ်းပေါ်ဆွဲတင်ပြီး Yibo လက်နှစ်ဖက်ကို ဖမ်းချုပ်ပြီး
မြေပြင်နဲ့ ဖိထားလေသည်

သူ့ကိုယ်ကတော့ Yiboကို အုပ်မိုးပြီး

"ရပ် Yibo သတိထားလို့ ငါပြောနေတယ် သတိထား Yibo!!"

Yibo ရုန်းနေရာမှ ငြိမ်ကျသွားပြီး

"ဟင့် မားပေးထားတာ ဟင့် သွားခွင့်ပေး ဟင့် သွားခွင့်ပေး ကျွန်တော့်မှာ ထိုဆွဲကြိုးဟင့် လေးကလွဲပြီး ဘာမှမကျန်တော့ဘူး ဟင့်  မားပေးထားတာ ကျွန်တော့်ကို ဟင့် ရှာခွင့်ပေး  ဟင့် တောင်း ပန် ပါ တယ်
ဟင့္"

တအိအိ ရှိုက်ငိုရင်း ထွက်ပေါ်လာတဲ့ တောင်းဆိုသံက ရင်ဘတ်တစ်ခုလုံးကို ဆုပ်ညစ်ထားသလိုပင်

ငါကမင်းအတွက် မျက်ရည်ဝဲတာလား Wang Yibo?

ဟောက်ရွမ်းရော Yiboကို နှိမ်ဖူးသူတွေပါ
ဒီတစ်ခါတော့ သူတို့ပါ မျက်ရည်ဝဲသည်လေ
သူတို့မသိခဲ့ဘူးမလား ထိုလာသားရဲ့ ရင်တွင်း ဒဏ် ရာကို တစ်ချို့လူတွေဆိုရင် ငိုမိသည်ထိ

Cinderella (အပယ်ခံ) ZSWW (Complete)Where stories live. Discover now