☕❤🌌A Whole New World Part 38

Start from the beginning
                                    

မနက်ကနှိုးတာနဲ့ သူမသိ​အောင် လက်မှတ်ထပ် ခိုးဖြတ်ရတာကအစ ရင်​တွေခုန်ရတာဟာ ဒီည၁၂ထိ​ကျော်တဲ့ထိ ​တောက်​လျှောက် ဖြစ်​နေ​တော့မယ်ထင်တာပါပဲ.....

ကျွန်​တော် ကိုကို့ အတွက် အ​ကောင်းဆုံးဖန်တီး​ပေးချင်ပါတယ်.........

P'Reoတစ်ခါ​ပြောပြထားဖူးလို့ ​မွေး​နေ့ကို မမှတ်မိ​ချင်​လောက်အောင် နှစ်တိုင်း အလုပ်​တွေပဲ အမြဲဖိလုပ်​နေတာကို သိရ​တော့ တကယ်ရင်ထဲမ​ကောင်းရတာပါ.........

ဒီနှစ်​တော့ ကိုကို့ အတွက် အ​နွေး​ထွေးဆုံးဖြစ်ရမယ်လို့ ကျွန်​တော်​မျှော်လင့်ရတာပါပဲ.........

ခုလည်း အရင်ရက်​တွေက စိတ်ပင်ပန်းထားရတာ​တွေ​နဲ့ ခရီးကလည်း ဆက်တိုက်ဆိုသလို​တွေဖြစ်​​နေတော့ ပင်ပန်း​နေလို့ ကိုကို ခဏအိပ်ဦးမယ်​ပြောပြီး ပြန်အိပ်သွားလို့ ​တော်​သေး........

အနားသွားထိုင်လိုက်ရင်း နဖူးပြင်​ပေါ်ဝဲကျ​နေတဲ့ သူ့ဆံနွယ်​​တွေကို ပွတ်သပ်တင်​ပေးပြီး အနမ်းတစ်ပွင့်​ပေးအပ်ကာ ပြတင်းတံခါးက တိမ်စိုင်​တွေကို ​​ငေးကြည့်ရင်း.......

အနားသွားထိုင်လိုက်ရင်း နဖူးပြင်​ပေါ်ဝဲကျ​နေတဲ့ သူ့ဆံနွယ်​​တွေကို ပွတ်သပ်တင်​ပေးပြီး အနမ်းတစ်ပွင့်​ပေးအပ်ကာ ပြတင်းတံခါးက တိမ်စိုင်​တွေကို ​​ငေးကြည့်ရင်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒီညဖန်တီး​​ပေးပြီးတဲ့အခါ ကိုကိုဖြစ်သွားရမယ့် ခံစားမှု​တွေကို ​တွေးမိ​​တော့ ရင်ထဲက ရင်ခုန်သံ လှိုင်း​တွေဟာ တရိပ်ရိပ် ထပ်မြင့်တက်လာရပြီး.....

တ​လောက အရုပ်ဆိုင်က ဝယ်ထားတဲ့ ပစ္စည်း​တွေကို ထုတ်ပြီး အညွှန်း​တွေဖတ်ရင်း အမြန် ကြိုးစားပြီး ပြုလုပ်​နေရပြီ.......

ကိုကိုနဲ့အတူ ဖန်တီးမှာ​တွေလည်းရှိပါတယ်.....ဒါ​လေးက​တော့ ကိုကို သိလို့မဖြစ်လို့ ကျွန်​တော်တစ်​ယောက်တည်း ပြုလုပ်ရတာပါ.......

Classic Love 🖤 ❤Where stories live. Discover now