"ငါ့ချစ်သူနဲ့လုပ်လိုက်လို့ ငါ့အပေါက်လေး ပြဲသွားခဲ့ရင် ငါဘာလုပ်ရမလဲ"

ရင်းနှီးနေသည့် အုပ်စုတစ်ခုမှ အဖြေကတော့ ဝေ့ရူစုန့်ကို မျက်ရည်ထွက်သွားစေတော့သည်: အိုး ဘုရားရေ, ကြောက်စရာကြီး!

ဝေ့ရူစုန့်တစ်ယောက် ရေချိုးခန်းတံခါးဆီကို ကမန်းကတမ်းပြေးပြီး သူ့ကံကိုစမ်းကြည့်ဖို့ ကြိုးစားတော့သည်။

"ဂျူနီယာ, ဒီနေ့ မင်းငါ့ကို တကယ်ပဲ လုပ်မှာလား?"

"ဘာပြောနေတာလဲ?" ရေကျသံများက ဝေ့ရူစုန့်၏မေးခွန်းကို ကောင်းကောင်းမကြားရဘူး ဖြစ်နေသည်။ "ကျွန်တော် ကောင်းကောင်းမကြားရဘူး"

ရှောင်းနျန်က ရေဘားကို ပိတ်လိုက်တော့မှ ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတော့သည်။

"ငါ, ငါပြောတာ, ဒီနေ့.... မင်းငါ့ကို တကယ်ပဲ လုပ်မှာလားလို့?"

"ဒါပေါ့ မဟုတ်ရင်?" ရှောင်းနျန်က တံခါးကို ရုတ်တရတ်ဖွင့်လိုက်ပြီး ရေစိုနေသော ခေါင်းကို ပြူထွက်လိုက်သည်။ "ဒီအခြေအနေပဲ ဖြစ်နေပြီကို"

"မဟုတ်ဘူးလေ, ငါတို့ တခြားသူတွေကို အနှောင့်အယှက် ပေးမိရင်ရော?" ဝေ့ရူစုန့်က ဘေးခန်းကို လက်ညှိုးထိုးလိုက်ပြီး "ဘေးခန်းတွေက သိသွားရင်ရော ငါတို့ ဒါ လုပ်နေတာကို....."

"စီနီယာ ခုချိန်ထိ ဒါမျိုးတွေကို ဂရုစိုက်တုန်းလား?" ရှောင်းနျန်က မျက်ခုံးကို ပင့်တင်လိုက်ပြီး "ကျွန်တော်တို့တွေ ခနခနလုပ်နေကြတယ်လို့ သူတို့က ထင်နေကြတာပဲမလား?"

"အင်း ဟုတ်တာပဲ," ဝေ့ရူစုန့်ကတော့ ကြေကွဲသွားလေပြီ။ "မင်းပြီးရင် ငါချိုးမယ်။"

ဝေ့ရူစုန့်တစ်ယောက် အဝတ်ချွတ်လိုက်ပြီး နွေးထွေးသော ရေချိုးကန်ထဲတွင် သူ့ခန္ဓာကိုယ်ကို စိမ်လိုက်ရင်း အနည်းငယ် ကြေကွဲဝမ်းနည်းနေသည်။ တကယ်တော့ လွန်ခဲ့သည့် ၈ လ လောက်တုန်းကတောင် တစ်နေ့မှာ သူ ဒီလိုမျိုး ရှောင်းနျန်နဲ့ အိပ်ဖြစ်လိမ့်မယ်လို့ လုံးဝမစဉ်းစားခဲ့ဘူး။ သူနဲ့ရှောင်းနျန်ရဲ့ကြားမှာ တင်းကြပ်တဲ့ စည်းတစ်ခု ခြားထားဖို့ပဲ ဖြစ်ချင်ခဲ့တာ။ အခုတော့ သူက ရှောင်းနျန်နဲ့ အတူတူရှိနေဖို့ပဲ လိုချင်တော့တယ်။ ဒါက တိုက်ဆိုင်တာပဲလား ဒါမှမဟုတ် ကံပဲလား? ဝေ့ရူစုန့်က ကံကြမ္မာဆိုတာမျိုးကို လုံးဝအယုံအကြည် မရှိဘူး။ သူငယ်ငယ်တုန်းက ရှေ့ဖြစ်ဟောဆရာ ခန့်မှန်းခဲ့တာကတော့ သူ့မှာ သားသမီးမြေးမြစ်တွေနဲ့ ပျော်ရွှင်တဲ့ မိသားစုတစ်ခု ရှိလာမယ်လို့ ဟောခဲ့တယ်။ ဒါပေမယ့်လည်း သူ မူလတန်းအရွယ်မှာပဲ သူ့အမေက ဆုံးသွားခဲ့ပြီး သူ့ရဲ့အခုအချစ်ရေးနဲ့ ဆိုရင်လည်း ကလေးတွေရှိလာဖို့ဆိုတာ လုံးဝမဖြစ်လာနိုင်တဲ့အရာပါပဲ။ ဝေ့ရူစုန့်တစ်ယောက် သူ့ရဲ့ညီလေးကို ဂရုတစိုက် ဆေးကြောနေရင်းနဲ့ပဲ တစ်ချို့ကိစ္စတွေကို စတင်ပြီး စိတ်ကူးယဉ်တော့သည်။ ဆေးကြောနေရင်း တဝက်တပျက်မှာပဲ သူ သဘောပေါက်သွားတာကတော့ ဒီအစိတ်အပိုင်းလေးကတော့ အသုံးပြုဖို့ကိစ္စ မရှိတော့ဘူး ဆိုတာကိုပေါ့......... (သူ့ရဲ့ညီလေးက မသုံးရတော့ဘူးလို့ ပြောတာ။ ကလေးရယ် သနားစရာ)

Love Stops Rumours {Completed}Où les histoires vivent. Découvrez maintenant