Chapter 21

10.2K 1.9K 221
                                    

{Unicode}

What to Do, My Junior Invited Me to Kiss Him on the Bridge of Sighs

ဒါက နှစ်ကုန်ရောက်နေပြီဆိုတော့ သူခိုးလည်းပဲ သူ့ရဲ့ဆောင်ရွက်မှုအစီရင်ခံစာကို တင်ပြရမည်။ အားလုံးထဲမှာမှ သူက ဒီစုံတွဲကို တွေ့လိုက်တာ ဖြစ်သည်။ တကယ်တော့ ဂေးစုံတွဲနမ်းနေသည်ကို မြင်လိုက်ရချိန်မှာ သူ့အတွက် အခွင့်ရေးတော့ ရပီဟု တွေးလိုက်တာပင်။ သို့သော် ဘယ်သူများ သိလိမ့်မလဲ, ဒီသောက်ဂေးစုံတွဲရဲ့ တိုက်ရည်ခိုက်ရည်တွေက သေလောက်အောင် အားကောင်းနေမယ်လို့ပေါ့, အထူးသဖြင့် အရပ်ပုတဲ့တစ်ယောက်က လိုက်ဖမ်းရင်းနဲ့ကို အသားကုန် ကြုံးအော်နေတော့တာပဲ။

"ငါ မင်းကို ဝမ့်ဖာလက်သီးနဲ့ သတိပေးလိုက်မယ်ကွ! မင်းငါ့ကို ပိုက်ဆံအိတ် ပြန်ပေးတာ အကောင်းဆုံးပဲ, မဟုတ်ရင်တော့ ငါဖမ်းတာ မခံရစေနဲ့!"

"ပြေးထား! ဆက်ပြီးပြေးစမ်း! ဘယ်သူ ကြာကြာပြေးနိုင်မလဲဆိုတာ ငါတို့ ကြည့်ကြမယ်!"

"သူခိုးကို ဖမ်းကြပါဗျို့! သူခိုးကို ဖမ်းကြပါ! အားလုံးပဲ! ဒီမှာ ဆိုးသွမ်းတဲ့သူခိုးကောင်ပါ!"

_ ဖာ့ခ် သူက သောက်ကျိုးနဲ ဂေးတစ်ကောင် ဖြစ်ရုံတင်မဟုတ်ပဲ သောက်ရူးကြီးပါလားဟ! သူခိုးခမျာ ဇွဲကောင်းလှသည့် ထိုလူသားနှင့် အပြိုင် ဆက်ပြီးပြေးရင်းဖြင့် မျက်ရည်မထွက်ပဲ ငိုနေရတော့သည်။ ကံကောင်းသည်မှာ ရှောင်းနျန်နှင့် ဝေ့ရူစုန့်၏ သက်လုံသည် သာမန်ကျောင်းသားများထက်တော့ သာလေသည်။ ဒါကြောင့်ပဲ နောက်ဆုံးမှာတော့ ထို တာဝေးအပြေးပွဲတွင် သူတို့ အနိုင်ရသွားလေတော့၏။

"ငါမင်းကို ချီးထွက်အောင် ရိုက်မယ်ကွ!"

ဟောဟဲလိုက်နေသော ဝေ့ရူစုန့်က သူ၏ဝမ့်ဖာလက်သီးကို သုံးလေတော့သည်။ သူခိုးခမျာ ဝေ့ရူစုန့်၏ အေးစက်စက် ရယ်သံကိုနားထောင်ရင်း မြေပြင်ပေါ်တွင် ကွေး၍သာ သက်ညှာပေးရန် အသနားခံရလေတော့သည်။

"ဘာလို့, ဘာလို့ ခိုးတာလဲ မင်း အကျိုး-, အကျိုးဆက်ကို မခံနိုင်ဘူးဆိုရင် ဘာလို့ ခိုးတာလဲ, ဂျူနီယာ, ရဲခေါ်လိုက်"

Love Stops Rumours {Completed}Where stories live. Discover now