အပိုင်း(6)

Start from the beginning
                                    

"အော် ဒါနဲ့ . ကိုစည်သူ.."

"ဟုတ် ..သူဋ္ဌေး."

"ဟိုကလေးမ သုနှိုင်းယှဉ်က Receptionမှာ အလုပ်ဝင်တာ ဘယ်နှနှစ်ရှိပြီလဲ ."

"ဟုတ် သူဋ္ဌေး ...မနှစ်ကမှပါ ..ဘာလို့လဲ မသိဘူး.."

ဘုန်းရှိန်ဝါ ပြုံးကာ ခေါင်းယမ်းပြလိုက်သည်။မနှစ်ကမှ အလုပ်ဝင်ပေမယ့် ဘုန်းရှိန်ဝါရဲ့ စိတ်ထဲမှာ သူမကလေးကို အတွင်းရေးမှူးနေရာ ပေးချင်သော ဆန္ဒမှာ ကြီးစိုးနေလေပြီ။

"Ring ring 📲"

ခုံပေါ်တင်ထားသော ဖုန်းက ထမြည်လာသောကြောင့် ဘုန်းရှိန်ဝါ ဖုန်းရဲ့ Contactကို ကြည့်မိလိုက်သည်။

"ဟူး ...အရေးထဲ ..." ဆိုကာပဲ ထိုဖုန်းကို လျစ်လှူ ရှုထားလိုက်သည်။

ထိုအဝင် callကို ဂရုမစိုက်မိဘဲ ဘုန်းရှိန်ဝါတွေးမိတာက
သုက မနေ့ညက ဘာလို့ ဖုန်းမကိုင်လဲဆိုတာကိုပင်။

🌷🌷🌷

"သု....."

receptionမှာ ဧည့်သည်တွေလည်း မရှိတော့ သူဋ္ဌေးက သူ့နဲ့ မထက်အနားလာကာ စကားပြောသည်။ သုကတော့ မနေတတ်စွာဘဲ ရှက်နေမိတော့ပါတယ်။ တခါတခါ သူကြီးနဲ အကြည့် ခြင်းဆုံမိရင် ရင်ခုန်ရတာလည်း အမော။

"ဟုတ်ကဲ့ ကိုဘုန်း ..ဘာခိုင်းမလို့ပါလဲ..."

"ဘာရယ် မဟုတ်ပါဘူး ..အလုပ်လုပ်ရတာ အဆင်ပြေလား လာမေးတာလေ "

ဦးဘုန်းရှိန်ကြီးမှာ ဟိုတယ်ရဲ့ ပိုင်ရှင်လို့ မပြောရဘူး။ ခန့်ညားတည်ကြည်လွန်းသော ဥပဓိရုပ်ရှိသည်။ တခါတလေ ကျ လူကြီးဆန်ပြီး တခါတလေ လွှတ်လပ်ပေါ့ပါးသော ပုံစံတွေကို သု မြင်တွေ့ရသည်။

"ဟုတ် ပြေပါတယ် ကိုဘုန်း ...ဟုတ်တယ်မလား မထက်."

"ဟုတ်တာပေါ့ သူဋ္ဌေး ရယ် ....သူဋ္ဌေးကလည်း သဘောကောင်းတော့ အစစအရာရာ အဆင်ပြေနေရော."

"ဟား ..မြှောက်ပြောနေပြန်ပါပြီ မထက်ကတော့ ..ကျွန်တော့်ကို သူဋ္ဌေးတစ်ယောက်လို မဆက်ဆံပါနဲ့ဗျာနော် ..ကိုယ်ကို မိသားစုဝင်တစ်ယောက်လို သဘောထားနိုင်ပါတယ်နော် ....
သု..."

အလုပ်ကြီးမှာ သုကို လာကြောင်နေသော ဦးဘုန်းရှိန်ဝါကို
သုမယ်တော့ ကြောက်ရမလို၊ အရင်က MDဦးစည်သူကို ပထုတ်သလို ပထုတ်ရမလို နေရခက်နေတော့ပါသည်။
သုလည်း အခုတလော ကိုယ့်စိတ်ကို ကိုယ်နားမလည်နိုင်တော့ပါ၊ သုဟာ ကိုဘုန်းရှိန်ဝါ ဖွင့်ပြောချိန်တုန်းက စိတ်လှုပ်ရှားပြီး ရင်တွေ ခုန်နေခဲ့ပေမယ့် သူနဲ့မတွေ့ရတဲ့ အချိန်မျိုးတွေမှာ လွမ်းခြင်း မရှိ၊ သူ့အကြောင်းကို ခေါင်းထဲမရှိတာ ခက်ရပြီ။

"ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ"Where stories live. Discover now