☕ ❤ Eternal Part 35

Bắt đầu từ đầu
                                    

အခု...ကျွန်​တော့်က​လေး....

ကျွန်​တော့် အသက်တမျှ ရူးမတတ်ချစ်ရတဲ့ ကျွန်​တော့်က​လေးလည်း....

ကျွန်​တော့်အ​ကြောက်တရားကို ဖုံးလွှမ်းထားတဲ့ စိုးထိတ်မှုကို အတ္တ အဖြစ်မြင်သွားပြီး လားရာလွှဲ​နေတဲ့ သတ်မှတ်ချက်​တွေနဲ့ ကျွန်​​တော့် အချစ်​တွေကလည်း နည်းနည်းမှ အရာ မထင်ရတော့ဘူးထင်ပါတယ်......

ခုကျွန်​တော် ဘာဖြစ်ချင်လဲ​ ဘယ်လိုခံစား​နေရလဲဆိုတာကိုတော့ တစ်​ယောက်တစ်​လေ​ကတောင် ​မေး​ဖော်မရခဲ့ပါဘူး........

အ​မှောင်အတိကျ​နေတဲ့ ဒီ​နေရာမှာ လွင့်ပျံနေ​တဲ့ သီချင်းစာသား​တွေဟာ ကျွန်​တော့ ဦး​နှောက်နဲ့ နှလုံးသားကို ​​ချေမွ​နေသလိုပါ......

ဂီတသံ​စဥ်​တွေက ​ကြေကွဲ​နေတဲ့ ရင်ခွင်​​တွေအတွက် ​ဆေးတစ်ဖုံဆိုရင် ကျွန်​တော့်ဒီ ဒဏ်ရာ အနာတရ​တွေကိုကျ ဘာလို့ မ​ပျောက်ရပါသလဲ.....

🎼 မင်းတစ်​ယောက်တည်း အထီးကျန်ပြီး ဖုန်းဆက် ရင်ဖွင့်ဖို့ လူတစ်​ယောက်လိုအပ်တဲ့အခါ အဲ့ဒီတစ်စုံ​တစ်​ယောက်ဟာ ငါဖြစ်​နေ​ပေးပါ့မယ်.... ငါရှိ​နေမှာပါ....

မင်းကို တ​စ်နေရာရာမှာများ သူတို့​တွေ ရက်ရက်စက်စက် ထားသွားခဲ့ကြတဲ့အခါ မင်းနှလုံးသားထဲက နာကျင်​ကြေကွဲမှု​တွေကို ကုသ​ပေးဖို့အတွက် ငါရှိ​နေမှာပါ...ငါရှိ​နေ​ပေးမှာပါ....

တကယ့် ချစ်ခြင်း​မေတ္တာတရားက ဘာလဲဆိုတာကိုမင်းသိဖို့ ငါလမ်းပြ​သပေးပါ့မယ်....
ဒါ ဒါ ဒါ ဒါ့ ဒါ ဒါ ဒါ ဒါ့ ဒါ့ဒါဒါ့ဒါ~~~
ဒါ ဒါ ဒါ ဒါ့ ဒါ ဒါ ဒါ ဒါ့ ဒါ့ဒါဒါ့ဒါ~~~ 🎼

ပျံ့လွင့်​နေ​သော Let it be me သံစဥ်​တွေကြားထဲ ​နာကျင်​ကြေကွဲစွာ ပြေးလွှား​နေရင်း တိုးဖွဖွ ​ပြောမိသည်က......

ကျွန်​တော် အဆင်​ပြေသွားမှာပါ​.....

ဒီအ​မှောင်ထဲက​နေ​ လွှတ်​မြောက်နိုင်မှာပါ................

ဆက်တိုက် ​အရူးတစ်​ယောက်လို ​ပြေးလွှား​နေရင်း ​သူ့ရယ်သံချိုချို​လေး​တွေနဲ့ ​ပေးအပ်ခဲ့ကြတဲ့ အနမ်း​ပုံရိပ်တွေက ဦး​နှောက်နဲ့ နှလုံးသားထဲ စက္ကန့်မလပ် ပြန်ပျံ့လွင့်​နေ​ပြီး......

Classic Love 🖤 ❤Nơi câu chuyện tồn tại. Hãy khám phá bây giờ