Keita ...
ဒီကောင်က Jun ဒီကျောင်းကို ပြောင်းလာပြီးထဲက ပထမဆုံးခင်တဲ့ သူငယ်ချင်း ... Keita က ကျောင်းမှာ အပေါင်းအသင်းများသည် ! လူတိုင်း သူမသိသူ မရှိ အားလုံးနဲ့ ခင်အောင်တည့်အောင်ပေါင်းတတ်သလို မိန်းကလေးများရဲ့ ပါးစပ်ဖျားမှာလည်း Keita က ရေပန်းစားသည် ! ကျောင်း ဘက်စကက်ဘောအသင်း မှာ Ace ဖြစ်တဲ့ ရွှေဝါရောင်ဆံပင်တွေနဲ့ Keita က ပေါ်ပြူလာဖြစ်တာ ဆန်းတော့လည်း မဆန်းပေ !
သူ့ဘေးနား အမြဲ တွဲပါတတ်တဲ့ Jun က Keita နဲ့ယှဉ်ရင် ခပ်သေးသေး သူ့ရဲ့ နက်မှောင်တဲ့ ဆံပင်တွေကြောင့် ရှိရင်းစွဲထက် အသားပိုဖြူနေသလို ထင်ရသည် !
" မင်း စိတ်ညစ်စရာရှိနေလို့လား ? ငါ့ကိုပြောလေကွာ ! သူငယ်ချင်းဆိုတာ ဒါပဲ မဟုတ်လား?"
Keita က နွေးထွေးတဲ့ သူ့ရဲ့ အကျင့်အရ သက်ပြင်းတချချဖြစ်နေတဲ့ Jun ကိုကြည့်ပြီး စိတ်မချမ်းမြေ့စွာမေးတယ် !
"ဟူး~ ပြောရရင်ကွာ ... ဘယ်ကစပြောရမှန်းကို မသိတော့တာ !"
Jun ကလည်း သူ့ကိစ္စက လွယ်လွယ်ကူကူ ရှင်းပြလို့ရသည်မဟုတ်တော့ ပေါင်မုန့်ကိုငေးရင်း ခပ်လေးလေးဖြေတယ် !
"ရှင်းပြရတဲ့ နေရာက စရှင်းကွာ ! ငါဟာငါ အဆင်ပြေသလို ကြည့်ကျက် နားထောင်မယ် !"
"အမ် ! "
"ဟီး "
Keita က သွားအဖြဲသားနဲ့ ရယ်နေတယ် ! ဒီကောင်က လူတကာကို ကူညီပေးချင်တဲ့ အကျင့်နဲ့အတူ စပ်စုချင်စိတ်ကလည်း များလေသည် ! Jun သက်ပြင်းချမိပြန်တယ် ! ဘာပဲပြောပြော တစ်ယောက်ထဲ တောင်တောင်အီအီ ဖြစ်နေမယ့်အစား ဒီကောင့်ကို တိုင်ပင်တာ ကောင်းမလားလို့ Jun တွေးမိတယ် !
"အင်း...ဒီလိုကွာ ... ကိုယ့်ချစ်သူက ကိုယ့်ကို ရှောင်နေသလို ခံစားရတာမျိုး !"
"ဘာရယ် !!!!!!!!!!!! မင်းချစ်သူ? !!!! "
"ဟိတ်ကောင် တိုးတိုးအော်ပါဟ ! "
YOU ARE READING
Follow by the Wind ~ [Unicode Version]
Mystery / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
When We Fall In Love Again [ Sequal ]
Start from the beginning
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)