"ARRRRRRRRRRRRRR!!!!!"
*ဒုန်း*
"နာလိုက်တာ!!!!!"
လှပတဲ့ မနက်ခင်းရဲ့ တေးသံသာ.... တော့မဟုတ်ပါဘူး !
မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ ဖြူရော်ရော်မျက်နှာကြောင့် Touji လန့်ပြီး အိပ်ယာပေါ်က ခုန်အထ ဘေးက စားပွဲစောင်းနဲ့ ညိုစောင်း မိတ်ဆက်သွားခြင်းဖြစ်သည်!
ဖုသွားတဲ့ ခေါင်းကို ပွတ်ရင်း ဘေးဘီကို Touji ပြူးပြဲကြည့်နေမိသေးတယ် ! စောစောက လန့်ဖြန့်မှုကြောင့် သူနှလုံး အပြင်ကို ခုန်ထွက် ပြုတ်ကျသွားပြီလားလို့!
Touji တစ်ယောက်ထဲသာ အသက်ရှုသံထိန်းရ နာနေတဲ့ ခေါင်းကို ပွတ်ရနဲ့ အလုပ်ရှုပ်နေတာပါ ကိုတစ္ဆေ Mikage ကတော့ အေးအေးလူလူ ကုတင်ပေါ်က ထပြီး အခန်းထဲက ထွက်သွားတယ်!
ထွက်မသွားခင်မှာ သူ့ရဲ့ ပင်လယ်သေ မျက်လုံးတွေနဲ့ Touji ကို အသည်းငယ်ရန်ကော ဆိုတဲ့ အဓိပ္ပာယ်နဲ့ လှည့်ကြည့်သွားသေးတယ်!
ကုတင်ပေါ်က မျက်လုံးအပြူးသားနဲ့ Touji ကတော့....
"Mikage san ညအိပ်တုန်း ခြေထောက်လာမဆွဲလို့ ကျေးဇူးတင်ပေမယ့် အခုလိုကြီးလည်း မလုပ်နဲ့လေဗျာ ကျွန်တော့်ကို ခင်ဗျား ဘဝထဲ ဆွဲခေါ်နေတာလား? အဖိုးရေ မြေးကို အဖိုးဆီလာခိုင်းတာလားဟင်..... အမလေး လန့်ပြီးတော့တော့ မသေပါရစေနဲ့ အရုပ်ဆိုးတယ် hump"
မကျေနပ်သလိုလို တိုင်တည်သလိုလိုရေရွတ်ရင်း ခေါင်းကို ပွတ်ကာ အောက်ထပ်ကို ဆင်းလာခဲ့သည်!
Mikage ကိုတော့ ထပ်မတွေ့ရချေ!
Touji စိတ်ငြိမ်သွားမှ တွေးမိတယ် ! Mikage ခြေထောက်တွေရှိလား မရှိလား သတိထားမကြည့်လိုက်ရဘူးရယ်!
ရေချိုးခန်းထဲ သွားတိုက်ရင်း စဉ်းစားခန်းဝင်နေမိပြန်သည်!
Mikage အကြောင်း... သူ့ရဲ့ ပင်လယ်သေလို မျက်ဝန်းတွေ က မြင်ရတဲ့သူရင်ကိုတင်းကျပ်စေတယ်!
YOU ARE READING
Follow by the Wind ~ [Unicode Version]
Mystery / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)