Chapter 2

4.4K 464 19
                                        

ခရီးတစ်​ခုရဲ့အစက ​တော်​​တော်​​တော့ မသက်​သာလှ....ရထားတတန်​ ကားတတန်​ ​နဲ့ အ​တော်​​ဝေးလ​ံ​ခေါင်​သီတဲ့​နေရာကို Touji ခရီးထွက်​ခဲ့ရတယ်​!

"အဖိုး အဖိုး ဘာလို့ ဒီ​လောက်​​ဝေးတဲ့ ​နေရာက အိမ်​ကိုလာဝယ်​ထားတာလဲ??????"

ကား​လေးက ဟိုင်​း​ဝေးလမ်​းမ​ပေါ် အရှိန်​ပြင်​းပြင်​း​မောင်​းနှင်​​နေသည်​! ပြတင်​း​ပေါက်​မှ မြင်​​နေရတဲ့ တရိပ်​ရိပ်​ဖြတ်​​ပြေး​နေတဲ့ မြင်​ကွင်​းကို​ငေးကြည်​့ရင်​း Touji အဖိုးအ​ကြောင်​း​တွေး​နေမိတယ်​!

တကယ်​တမ်​း​တော့ အဖိုးရဲ့ ​နွေး​ထွေးတဲ့ အပြုံး​တွေကလွဲလို့ အရာအားလုံးက မှုန်​ဝါးလျှက်​.... ​နောက်​ထပ်​မှတ်​မိတာက အဖိုးက အမြဲ စာအုပ်​ထူထူ​တွေကြား တစ်​စုံတစ်​ခုကို ရှာ​ဖွေ​နေသလိုမျိုး ခံစားချက်​... အဖိုးက Touji အဖို့​တော့ အမြဲ လျို့ဝှက်​ သည်​းဖိုဆန်​သည်​!

*yawn~*

မြင်​ကွင်​းကို ​ငေးကြည်​့ရင်​း အတိတ်​ကို တူးဆွရင်​း Touji ငိုက်​မြည်​းလာတယ်​!

ဂျုံပင်​​တွေ......

ဂျုံပင်​​တွေ အများကြီးပဲ......

​သြော်​....ကျွန်​​တော်​ ဂျုံခင်​းထဲ​ရောက်​​နေတာပဲ.....

​လေခပ်​ပြင်​းပြင်​းတိုက်​ခတ်​လိုက်​တိုင်​း ဂျုံပင်​​တွေက ​လေယူရာဖက်​ကို ယိမ်​းနွဲ့သွားကြသည်​!

ကျွန်​​တော်​ ​ခြေ​ထောက်​​တွေကလည်​း ​ပြေးလွှား​နေကြတယ်​!

ကျွန်​တော်​ဘယ်​ကို​ပြေး​နေတာလဲ?

တခုခု​နောက်​ကို လိုက်​​နေခဲ့တာလား?

​လေတိုက်​ရာဖက်​ကို.......

ကျွန်​​တော်​ ​မောဟိုက်​လာတယ်​.......

"လာ​လေ.....Touji~"

"ahh...ha......haa......."

ရုတ်​တရက်​ လန်​့အနိုးမှာ ကား​လေးက အရှိန်​ပြင်​းပြင်​း​မောင်​းနှင်​ဆဲ.......

"အင်​...... အိမ်​မက်​လား?"

အိမ်​မက်​တစ်​ခုဖြစ်​​ပေမယ်​့ နား နားကပ်​ကြားလိုက်​ရတဲ့ ​ခေါ်သံက လတ်​ဆတ်​လွန်​းလှတယ်​!

Follow by the Wind ~ [Unicode Version]Where stories live. Discover now