တချိန်က အတူရှိပေမယ့် ထိတွေ့လို့မရတဲ့ အခြေအနေ .... အခုက အတူရှိနေပေမယ့် မထိတွေ့မိအောင် ထိန်းချုပ်ထားရတဲ့ အခြေအနေ .... Jun က သူ့ကိုယ်ပေါ်လွှားခြုံထားတဲ စောင်လေးကို အသာဆုတ်ထားသေးတယ် ! အိပ်ပျော်နေတဲ့ ကောင်လေးရဲ့ နှုတ်ခမ်းလွှာတို့ဟာ ခပ်ဟဟ !
Touji သက်မချမိပြန်သည် !
"ဦးလေး !!! မအိပ်သေးပဲ ဘာလုပ်နေတာလဲ ?"
ရုတ်တရက် ငုတ်တုတ်ထထိုင်မေးတဲ့ Jun ကြောင့် Touji အတွေးနယ်ထဲမျောနေရာက အသိပြန်ဝင်လာတယ် !
"အင် ? မင်း အိပ်ပျော်နေပြီ မဟုတ်ဖူးလား ?"
"ဦးလေးက သက်ပြင်းတချချဖြစ်နေမှတော့ ကျွန်တော် အိပ်ပျော်ပါတော့မလား ?"
" အဲ... hahaha sorry sorry ! ကိုယ် အတွေးလွွန်သွားလို့ပါ အိပ် အိပ် ! "
Touji ငုတ်တုတ်ကလေး Jun ရဲ့ လက်ကို ဖမ်းဆွဲပြီး လှဲအိပ်စေလိုက်တယ် !
"အိပ် ... အိပ် ... ကိုယ်သီချင်းဆိုသိပ်ရအုံးမလား !"
"တော်ပါ ဦးလေးရယ် ဦးလေး သီချင်းဆိုရင် ကျွန်တော် အိပ်ရတော့မယ် မထင်ဘူး !"
"အဟက်ဟက်~"
Jun ကရှုံ့မဲ့ ပြီးပြောတော ့Touji ရယ်မောပြီး Jun ကိုယ်လုံးလေးကို ထွေးဖက်ထားလိုက်သည် ! Jun က Touji ရင်ခွင်ထဲတိတ်တိတ်လေးငြိမ်နေတယ် ! ဒီလိုနဲ့ ညဟာ expire ဖြစ်သွားလေသည် !
🎃 When we fall in love again 🎃
*sigh*
"Hummmm~"
"ဟူး~"
" Jun မင်းဘာဖြစ်နေတာလဲ မနက်ကတည်းက ချလိုက်တဲ့ သက်ပြင်း ! သက်ပြင်းချတိုင်း အသက်တိုမယ်ဆိုရင် မင်းက အခုပဲ သေတော့မယ့်အတိုင်း "
နေ့လည် ကျောင်း ထမင်းစားဆင်းချိန် ကျောင်းခေါင်မိုးထပ်မှာ ပေါင်မုန့်ကိုင်ကာ တဟင်းဟင်းနဲ့ သက်ပြင်းချနေတဲ့ Jun ကို Keita က မေးတယ် !
STAI LEGGENDO
Follow by the Wind ~ [Unicode Version]
Mistero / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
When We Fall In Love Again [ Sequal ]
Comincia dall'inizio
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)