" ဒါဆို ကျွန်တော်လည်း မအိပ်ဖူး ! "
"ဘယ်ဖြစ်မလဲ ..."
"ဖြစ်တယ် ! "
Junက အနားက ဆိုဖာပေါ်ဖုတ်ကနဲ ထိုင်ချလိုက်တယ် ! သူ့ပုံစံက Touji မှ ဒီအခန်းထဲက မထွက်ရင် သူလည်းမထဘူးဆိုတဲ့ ပုံ !
*sigh*
Touji သူ့ရဲ့ ရှုပ်ပွပွနီညိုရောင်ဆံပင်တွေကို ထိုးဖွပြီး သက်ပြင်းရှည်တခု ချမိတော့သည် !
"Jun လိမ္မာတယ်ကွာ"
"Hump"
Touji က လေသံပျော့လေးနဲ့ပြောတော့ Jun က ဟင်းကနဲ တဖက်လှည့်သွားတယ် !
ခေတ်ကာလ သားသမီးတွေ မလွယ်ဘူးပဲ ! ဒီအရွယ် ဆယ်ကျော်သက်တစ်ယောက်ကို ထိန်းသိမ်းရတာ မလွယ်ဘူးပဲ !
" ကဲ ... လာ ! အိပ်မယ် အိပ်မယ် ! ဒီအချိန်ထိ မအိပ်ပဲနေရင် မင်းမနက်ကျောင်းတက်မမှီပဲနေမယ် Jun !"
Jun က သူ့ကို ခပ်မှိုင်းမှိုင်းလေးကြည့်နေတယ် ! ရုတ်တရက် သူ့မျက်ဝန်းတွေထဲက အဓိပ္ပါယ်ကို Touji မဖော်တတ်ခဲ့ဘူး !
နောက်တော့ Jun က ထရပ်ပြီး Touji လက်ကို ဆွဲလိုက်တယ် ! ပြီးတော့ ....
"ဦးလေးလည်း အိပ်ရေးဝဝ အိပ်မှ နေမကောင်းမဖြစ်မှာပေါ့ ! ကြည့် ... မျက်လုံးတောင် ပန်ဒါဖြစ်နေပြီ!"
Jun ရဲ့ လက်ချောင်းသေးသေးလေးတွေက Touji ပါးပေါ်ရောက်လာတယ် ! Touji လက်ဖဝါးခပ်သေးသေးကို ဆွဲယူကာ အနမ်းဖွဖွပေးမိတော့သည် !
ဖရုံသီးရောင် အခန်းလေးထဲ Touji အိပ်မပျော်နိုင် ! ဘေးမှာ ကွေးကွေးလေး အိပ်ပျော်နေတဲ့ Jun ဆီက အသက်ရှုသံ သေးသေးလေးကြားနေရတယ် !
Touji ပြန်တွေးမိတယ် ... ဟိုးအရင်က Mikage ရော ညတိုင်းညတိုင်း အခုလို သူ့ ရဲ့ ဘေးမှာ လာအိပ်ပြီး သူ့ရဲ့အသက်ရှုသံကို နားထောင်ရင်း ကုန်လွန်ခဲ့လေသလားလို့ ....
အခု သူဟာ Mikage တဖြစ်လဲ Jun ရဲ့ အသက်ရှုသံလေးကို နားထောင်ရင်း အိပ်မပျော်နိုင်ဖြစ်နေတယ် !
YOU ARE READING
Follow by the Wind ~ [Unicode Version]
Mystery / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
When We Fall In Love Again [ Sequal ]
Start from the beginning
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)