"ကျန်းမာရေးနဲ့ ညီညွတ်မယ် ! အရာရာဖွံ့ဖြိုးဆဲ အရွယ်မို့ အစားကို အချိန်မှန်စား ၊ အချိန်မှန်အိပ် ၊ bhla ...bhla....bhla....ဒါပဲမဟုတ်လား? အလွတ်ရနေပြီ!"
"နို့...ဒါဖြင့် မင်းက ဘာလို့ မလိုက်နာလဲ? သွားအိပ်ချေ!"
Touji ရဲ့ တချက်လွှတ်အမိန့်ကို Jun က လျှာထုတ်ပြတယ် !
" ဘာလဲ Touji က အုပ်ထိန်းသူ ပါဝါပြချင်တာလား?"
"ဟုတ်တယ် Jun ! အခု ကိုယ်က မင်းရဲ့ အုပ်ထိန်းသူပဲ ! "
"အုပ်ထိန်းသူကမှ အိပ်ချိန်စားချိန်မမှန်တာ ကျွန်တော်က မှန်နိုင်ပါ့မလား?"
Jun ပုံစံက လက်လျော့မည့်ပုံမပေါ် သူဟာ ဒီနေ့တော့ Touji ကို အိပ်ယာထဲအိပ်ဖို့ အတင်းအကျပ် ခိုင်းစေမယ့်ပုံပဲ ! တကယ်တော့ Touji ကိုယ်တိုင်ကလည်း Jun ရောက်လာခဲ့ပြီး ခြောက်လ အတွင်း ဖရုံသီးရောင်အခန်းလေးထဲက အိပ်ယာပေါ်သေချာ အိပ်ခဲ့သည်မရှိ ! စာဖတ်ခန်းထဲလိုလို ၊ စာရိုက်ရင်း နဘေးက ဆိုဖာပေါ်မှာလိုလို နဲ့ သူ့ရဲ့ ညချမ်းတွေကို ကုန်ဆုံးစေခဲ့တယ် ! ဒါကို Jun က နည်းနည်းလေးမှ သဘောမကျ !
Touji ဖက်ကလည်း ပိုင်ရှင်ပြန်ရောက်လာတဲ့ ဖရုံသီးရောင်အခန်းလေးကို ခြေမချမိအောင် ထိန်းချုပ်ထားတာ အကြောင်းရှိသည် ! ဒီကလေး ဘယ်လိုပဲ ကြည့်ကြည့် အထက်တန်းကျောင်းသားအရွယ် မဟုတ်လား? ဘယ်လိုပင် ဟိုဘဝက ချစ်သူတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ အခုအချိန်မှာတော့ သူ ကလေးအပေါ်မှာတော့ စောင့်ထိန်းစရာရှိတာ စောင့်ထိန်းရမည်သာ !
"Touji ဒီနေ့အိပ်ယာပေါ်မှာ အိပ်မှာလား မအိပ်ဖူးလား ဒါပဲပြော!"
Touji ကို ခပ်စူးစူးကြည့်ပြီး ပြောနေတဲ့ Jun ဆီမှာ Mikage ဟန်လေးတွေပေါ်လာတယ် ! ကောက်ဖက်ပြီး စိတ်ရှိလက်ရှိ အနမ်းတွေ ခြွေပစ်လိုက်ချင်စိတ်ကို Touji မနည်းထိန်းချုပ်နေရသည် !
" ကိုယ်အိပ်လို့မရသေးဘူးလေ Jun ! ကိုယ်အလုပ်တွေ မပြီးသေးဘူး !"
YOU ARE READING
Follow by the Wind ~ [Unicode Version]
Mystery / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
When We Fall In Love Again [ Sequal ]
Start from the beginning
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)