သူ့ရဲ့ အဖြစ်အပျက်ဟာ လျို့ဝှက်ရှုပ်ထွေးလွန်းတော့ ကျွန်တော်လည်း အချက်အလက်တစ်ချို့ကို မေးမြန်းပြီး အချိန်ယူ စုံစမ်းရမှာ ဖြစ်တဲ့အတွက် နောက်တလနေရင် ပြန်လာခဲ့ဖို့ချိန်းလိုက်တယ်!

သူပြန်သွားပြီး တလအတွင်း သူ့ရဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အကြောင်းအရာတွေ စုံစမ်း စစ်ဆေးပေမယ့် ထင်သလောက် မလွယ်လှဘူး!

သူပြန်လာတဲ့ အချိန်မှာ ကျွန်တော်ဟာ သူ့ဆီက အချိန်ထပ်တောင်းခဲ့ရတယ်!

သူဟာ နေ့တိုင်းလိုလို ကျွန်တော့်ဆီလာတယ် ! ကျွန်တော့်ကို သူမှတ်မိနေသေးတဲ့ သူ့အကြောင်းအရာ တချို့ပြောပြတယ်! ဒီလိုနဲ့ရှိခဲ့ရာက သူဟာ ကျွန်တော့်မြေးလေးနဲ့လည်း ခင်မင်သွားပုံရတယ်!

ကျွန်တော်လည်း သူ့အတွက် အချက်အလက်တွေ ကြိုးစားရှာဖွေရင်း သူ့ရဲ့ အိမ်ကို လိုက်ကြည့်ခွင့်ပေးဖို့ ခွင့်တောင်းမိတဲ့ တနေ့မှာပဲ သူက သူကျွတ်လွတ်ဖို့ ကိစ္စ ဆောင်ရွက်ပေးဖို့ မလိုတော့ဘူးလို့ ပြောလာခဲ့တယ်!

ကျွန်တော် အံသြမိတယ်!

ကျွန်တော် အံအားသင့်စွာနေရင်းက သူ့ကို ပြောမိတယ်!

"Mikage san ! ဘဝကူးနိုင်ဖို့ဆိုတာလည်း အချိန်အတိုင်းအတာ တခုရှိတယ်! အကယ်၍ အဲဒီအချိန်ကို ကျော်လွန်သွားရင် Mikage san ရဲ့ ဝိဉာဉ်ဟာ ဘယ်ဘုံကိုမှ မရောက်နိုင်ပဲ ဒီမှာပဲ တဝဲလည်လည်ဖြစ်နေလိမ့်မယ်"

အဲ့ဒီ့အချိန်က Mikage ဟာ အဝေးကို ငေးနေခဲ့ရင်းက......

" အစွဲလမ်းတစ်ခုကြောင့် ! ဟုတ်တယ် အရင်က ဘာကို စွဲလမ်းပြီး မကျွတ်လွတ်မှန်းမသိပဲ ကြာလာတဲ့အခါ ကိုယ့်ကိုကိုယ် မုန်းလာပြီး ကျွတ်လွတ်ချင်လာပေမယ့် အခု အစွဲအလမ်းတခုကြောင့် ကျွန်တော် မကျွတ်လွတ်ချင်တော့ပြန်ဘူး! တကယ်လို့ ဒီစွဲလမ်းစရာ ကတိတစ်ခုက အထမမြောက်လို့ ပျက်ပျယ် ပျောက်ပျက်သွားပြီး မကျွတ်မလွတ်နဲ့ တဝဲလယ်လယ် ဖြစ်ချင်လည်း ဖြစ်ပါစေတော့လေ! အခု လက်ရှိက အပြုံးမျက်နှာတစ်ခုကို ကျွန်တော် မျက်နှာလွှဲ ထားခဲ့ပြီး ထွက်မသွားချင်ဘူး"

အဲ့ဒီ့နေ့က ညနေစောင်းလေဟာ ညှင်းသွဲ့သွဲ့တိုက်ခတ်နေတယ်! တစ္ဆေရဲ့ အထီးကျန်မှုကို နားလည်တာကြောင့် ဘဝကူးဖို့ ကျွန်တော် မဖြောင်းဖျနိုင်ခဲ့ဖူး!

ဒါပေမယ့် Touji ......

ရုတ်တရက် အဖိုးစာအုပ်ထဲ ကိုယ့် နာမည်ကို မြင်လိုက်ရတော့ Touji မျက်လုံးဝိုင်းသွားတယ်!

အဖိုးက ဒီစာအုပ်ကို တနေ့ Touji ဖတ်လိမ့်မယ်လို့ သိသည့်အလား နောက်ပိုင်းတွေဟာ Touji ကို ဦးတည်ပြီးရေးသားထားတယ်!

Mikage ကို မင်းဆီ အပ်ခဲ့ပါတယ် Touji....

Mikage က မင်းကြောင့် ကျွတ်လွတ်ဖို့ ငြင်းဆန်ခဲ့ပေမယ့် ......

ဖြစ်သင့်တာကို တွေးသင့်ပါတယ် မြေးလေး Touji....

Touji မျက်ရည် တစက်ဟာ စာရွက်ပေါ် ပေါက်ခနဲ ခုန်ဆင်းသွားတယ်!

Mikage အပေါ် အပြစ်တွေ အများကြီး လုပ်ခဲ့မိပြီပဲ....

Mikage အတွက် အချိန်လည်း သိပ်မကျန်တော့ဘူးပဲ......

Touji စာအုပ်ကို ပိုက်ပြီး အိမ်ထဲကပြေးထွက်လာခဲ့တယ် ! Mikage နဲ့ အမြန်ဆုံးတွေ့ချင်မိတယ်!

"Touji ဘယ်သွားမလို့လဲ?"

"ဦးလေး Fujisaki ကျွန်တော် အခုပြန်မှ ဖြစ်တော့မယ် ! ဒီသော့တွေ ဦးလေးပဲ သိမ်းထားပေးပါ ! ကျွန်တော် နောက်မှ ပြန်လာတော့မယ်"

"မနက်မှ ပြန်ပါလား Touji ဒီနေ့ပဲရောက်တယ် အခုပြန်မယ်ဆိုတော့......"

"အရမ်းအရေးကြီးလို့ပါ ဦးလေး ကျွန်တော်သွားပြီ"

Touji ပြေးထွက်လာခဲ့တယ်.....

နောက်ဆုံးရထား မှီမှကို ဖြစ်မယ်........

"Mikage!"

TBC

Follow by the Wind ~ [Unicode Version]Where stories live. Discover now