Touji နှလုံးသားက စူးကနဲ အောင့်သွားတယ်! မုန်းသွားတယ် ဆိုတာကို တွေးမိရုံလေးတင် စူးစူးနစ်နစ် ခံစားရသည်!

အချစ်​ကထူးဆန်​းသည်​ .......

ပုံပန်​းသဏ္ဍန်​ အမည်​နာမ ​ယောကျာ်း မိန်​းမ ဆိုတဲ့ ရုပ်​ဝတ္ထုဖြစ်​တည်​မှု​တွေထက်​.......

သူရှိ​နေတယ်​ဆို​ပေမယ်​့ ဖမ်​းဆုတ်​မရတဲ့အ​ငွေ့အသက်​က​လေးကိုလည်​း ချစ်​မိ​နေတတ်​ကြသည်​ပဲ ......

ကျွန်​​တော်​ Mikage ဆိုတဲ့ ​လေထု​လေးကို ချစ်​သည်​.....

"Mikage ဆီ ပြန်မှဖြစ်မယ်"

အလျင်စလို အခန်းပေါက်ဝကို ပြန်အလှည့် Touji လှမ်းမြင်လိုက်တဲ့ စင်ပေါ်က စာအုပ်တစ်အုပ်.....

စာအုပ်မှာ Mikage ဆိုတဲ့ နာမည်လေးထင်းလို့....

အဖိုးက သူ့ဆီလာတဲ့ ဧည့်သည် ဝိဉာဉ်တွေရဲ့ အကြောင်းကို တစ်ယောက်စီ စာအုပ်လေးတွေ လုပ်ပြီး ရေးမှတ်ထားလေ့ရှိတာ Touji ဖြတ်ခနဲ သတိရလိုက်သည်!

တခါတခါ အဖိုးက စာအုပ်တချို့ကို ယူပြီး ထူးဆန်းတဲ့ အကြောင်းတွေကို ပုံပြင်သဖွယ် Touji ကို ပြောပြလေ့ရှိတယ်!

Touji Mikage နာမည်ရေးထိုးထားတဲ့ စာအုပ်လေးကို ဆွဲယူဖွင့်ဖတ်လိုက်သည်!

စာအုပ်ရဲ့ အစမှာ အဖိုးဟာ သူ့အတွေ့အကြုံကို တယောက်ယောက်ကို ပြောပြနေသလို ရေးသားထားတယ်.....

📜📜📜

တနေ့တော့ ကျွန်တော့်ဆီ ထူးခြားတဲ့ ဧည့်သည် တစ်ယောက် ရောက်လို့လာတယ်! သူ့နာမည်က Mikage ပါလို့ သူ့ကိုယ်သူ အရင်မိတ်ဆက်တယ်!

သူက ငွေမှင်ရောင် ဆံပင်ရှည်တစ်ချို့ကို  ဖဲကြိုး အနက်ရောင်လေးနဲ့ စုချည်ပြီး ပုခုံးတဖက်မှာ ချထားတယ်! သူရဲ့ ဝတ်စားဆင်ယင်ပုံဟာ အနောက်တိုင်းဆန်ပြီး ရှေးကျတယ်! သူက မီးခိုးရောင်မှုန်မှိုင်းမှိုင်း မျက်လုံးတွေနဲ့ ကျွန်တော့်ကို သူ့အခက်အခဲကို ပြောပြခဲ့သည်!

သူဟာ အချိန်ကာလ အတော်ကြာ အစွဲအလမ်းတစ်ခုကြောင့် မကျွတ်လွတ်နိုင်တဲ့သူဖြစ်နေပြီး ကျွတ်လွတ်ချင်ပါတယ်တဲ့ ! ဖြစ်နိုင်ရင် သူ့အစွဲအလမ်းကို ကူညီရှာဖွေပြီး ဘဝကူးနိုင်အောင် လုပ်ပေးဖို့တောင်းဆိုရှာတယ်!

Follow by the Wind ~ [Unicode Version]Where stories live. Discover now