အဲ့ဒီ့အချိန်က မေမေဟာ ဖိုးဖိုးကို သတိရမိတယ်လို့ တိုးတိုးလေးပြောခဲ့တယ်!
သူ ဖိုးဖိုး ဆီက ဇွတ်ထွက်လာခဲ့မိတာ နောင်တရမိတယ်တဲ့....
တကယ်တမ်း သူ မလွတ်မြောက်နိုင်တာ မကောင်းဆိုးဝါးတွေဆီက မဟုတ်ပဲ သူ့ကိုသူ အတိတ်မှာ ချည်နှောင်ထားမိလို့ပဲ တဲ့......
သူလက်မခံချင်တဲ့ အဖြစ်မှန်ကို သူ မကောင်းဆိုးဝါးတွေဆီ ပုံချခဲ့မိတယ် တဲ့.....
အဲ့ဒီ့အချိန်က မေမေ့ကို မောမှာစိုးလို့ စကားတွေ အများကြီး မပြောဖို့ပဲ သတိပေးနေတဲ့ ကျွန်တော်ဟာ မေမေပြောချင်နေတာကို သေချာမစဉ်းစားကြည့်မိခဲ့ပဲ မေမေ့ကို မကောင်းဆိုးဝါးဆိုတာ မရှိဘူးလို့ပဲ နားချနေခဲ့မိတယ်!
အဲ့ဒီအချိန်က မေမေဟာ အတိတ်ရဲ့ အရိပ်ဆီက လွတ်မြောက်သွားခဲ့ပေမယ့် ကျွန်တော်ကတော့ အတိတ်ကို လုံးဝ မေ့လျော့သွားခဲ့ပြီဖြစ်သည်!
"Mikage~"
Touji ဒယီးဒယိုင် နဲ့ အဖိုးအခန်းဆီလျှောက်လာမိတယ်! အဖိုး အခန်းတံခါးကို အားထည့်တွန်းဖွင့်လိုက်တော့ စာအုပ်ဟောင်းနံ့တွေက Touji ကို ဦးစွာထွေးပွေ့သည်!
Mikage ဟာ အဖိုးဆီ ဘာများအကူအညီလာတောင်းတာလဲ?
ဒါဟာ Touji ခေါင်းထဲ ပထမဦးစွာ ဝင်လာတဲ့ မေးခွန်းဖြစ်သည်!
ဒီအခန်းလေးထဲမှာ အဖိုးကို Mikage ဟာ သူ့ပြဿနာကို ပြောပြခဲ့မည်ထင်သည်!
Touji Mikage ကို ပြင်းပြင်းပျပျသတိရလာခဲ့တယ်!
ငယ်စဉ်က ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ Mikage ရဲ့ နွေးထွေးကြင်နာတဲ့ အပြုံးကို ပြန်မြင်ယောင်မိတော့ ရင်ထဲနွေးသွားတယ်!
"Mikage က အခုတော့ ကျွန်တော့်ကို အေးစက်စက် ဆက်ဆံတယ် အဖိုးရယ်"
အဖိုးရဲ့ စာအုပ်စင်လေးပေါ်က အစီအရီတင်ထားတဲ့ စာအုပ်လေးတွေကို ပွတ်သတ်ရင်း Touji တိုးတိုးဆိုမိတယ်!
"သူ့ကို နှစ်တွေ အကြာကြီး စောင့်ခိုင်းပြီး ကတိမတည်တဲ့ ကလေးကို မုန်းသွားပြီနဲ့တူပါတယ်"
"မုန်းသွားတယ်" ဆိုတဲ့စကားကို ရေရွတ်ရတာ ကြေကွဲဖွယ်ကောင်းသလိုပဲ.....
YOU ARE READING
Follow by the Wind ~ [Unicode Version]
Mystery / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
Chapter 11
Start from the beginning
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)