မေမေက အော်ဟစ်ငိုယိုနေတယ် ! သူဒီအိမ်မှာ ဆက်မနေနိုင်တော့ဘူး သူသားကို သူ့အဖေလို အဖြစ်မခံနိုင်ဘူး လို့ပဲ တွင်တွင်ပြောနေတယ်!

"မေမေ Mikage တို့လို ဝိဉာဉ်တွေက မေမေပြောသလို မဆိုးပါဘူး"

ကျွန်တော့်ရဲ့ စကားက ဘာများထူးဆန်းသွားလည်း မသိခဲ့ပါ!

မေမေဟာ ငိုနေရာက ကျွန်တော့်ကို အံသြတကြီး မျက်လုံး အဝိုင်းသားနဲ့ ကြည့်နေတယ်!

"Mikage က ကြင်နာတတ်တယ် မေမေ ! မေမေ့ကို တွေ့ပေးချင်တယ် ! သူ ဒီနေ့လည်းလာမယ်လို့ပြောတယ်"

"Touji!!!!!!"

ဖိုးဖိုးရဲ့ လေသံ မြင့်မြင့်က နောက်ကျခဲ့ပြီ .....

မေမေဟာ ကျွန်တော့်လက်ကို အတင်းဆွဲပြီး အိမ်ထဲကနေ ထွက်သွားတော့တယ်!

ကျွန်တော် တလမ်းလုံး အော်ဟစ်ငိုယိုနေခဲ့ပေမယ့် မေမေခြေလှမ်းတွေ နောက်ပြန် မလှည့်ခဲ့ဘူး!

ကျွန်တော် အသံတွေ အက်ကွဲပြီး ပြာနှမ်းလာတဲ့ အထိ Mikage နာမည်ကို ခေါ်နေခဲ့ပေမယ့် ကျွန်တော်ဟာ အဖိုးအိမ်နဲ့ ဝေးသထက် ဝေးလာတယ်!

အဲဒီနောက် ကျွန်တော်ဟာ ကျွန်တော် မသိတဲ့ ပတ်ဝန်းကျင်မှာ Mikage နာမည်ကို ရွတ်မိရင် အပြစ်တစ်ခုဖြစ်တယ် ဆိုတာမျိုး စိတ်ထဲစွဲနေအောင် လေ့ကျင့်ခံရတယ်!

ကျွန်တော်ချစ်တဲ့ ကြင်နာတတ်တဲ့ မေမေဟာ ကျွန်တော် Mikage အကြောင်းပြောရင် အသည်းအသန် ငိုကျွေးပြီး ဖေဖေနာမည်ကို ရွေရွတ်ကာ တိုင်တည်တော့တာပဲ!

မကောင်းဆိုးဝါးတွေ လက်က လွတ်အောင်လုပ်ပေးပါလို့ တွင်တွင်ပြောတော့တာပဲ!

အဲ့ဒီလိုနဲ့ ကျွန်တော်ဟာ Mikage ကို ကျွန်တော့် အတွင်းစိတ်ရဲ့ ဟိုး အနက်ရှိုင်းဆုံးမှာ သိမ်းဆည်းလိုက်တာဟာ  ကျွန်တော်ကိုယ်တိုင်တောင်မေ့လျော့သွားပြီး ဝိဉာဉ် တစ္ဆေ သရဲ ဆိုတာကို မယုံကြည်တော့တဲ့ အထိ ဖြစ်လာခဲ့သည်!

ကျွန်တော် ဒီလို နဲ့ မေ့လျော့ပြီး အချိန်တွေ ဖြတ်ကျော်လာခဲ့တာ တနေ့ ..... မေမေရဲ့ နောက်ဆုံး အချိန်ကို ရောက်လာခဲ့တယ်!

Follow by the Wind ~ [Unicode Version]Where stories live. Discover now