"Mikage တောင်းပန်ပါတယ်! Mikage ကျွန်တော်......."

ရင်ဘတ်နဲ့အပြည့် ဆို့နင့်လာမှုက အသက်ရှုမဝဖြစ်လာစေတယ်!

သူ ......

Mikage အပေါ်.....

အပြစ်တွေ လုပ်မိပြီ.......

မြင်ကွင်းရှေ့က ညနေ နေဝင်ရီတရော ဝါကျင့်ကျင့် ဂျုံခင်းဟာ ဝေဝါးလာတယ်!

ကတိတွေ တောင်းခဲ့ပြီးမှ တကယ်တမ်း ကတိမတည်နိုင်ခဲ့သူဟာ ကိုယ်ဖြစ်နေတဲ့ အတွက် အပြစ်ရှိသူက ကိုယ်ဖြစ်တယ်! ကလေးတစ်ယောက်ရဲ့ ကလေးအတွေး ကတိစကားလေးကိုတောင် မပစ်ပယ်ဘဲ တည်ခဲ့တဲ့ Mikage ကြောင့် Touji ခံစားရတဲ့ အပြစ်ဟာ နှစ်ဆ မက ဖြစ်လာတယ်!

ကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်နေရင်း Mikage ကို ခွဲခွာခဲ့ရတဲ့ တနေ့ကို ပြန်အမှတ်ရမိပြန်သည်!

အဲဒီနေ့က မေမေဟာ အစောကြီး ကျွန်တော် ကို အိပ်ယာထဲက ခေါ်ထုတ်ခဲ့တယ်!

အဖိုးက တားနေပေမယ့် မေမေဟာ အဝေးကို ထွက်သွားမယ်ပဲ ပြောနေခဲ့တယ်!

အိပ်ချင်မူးတူးကျွန်တော်ဟာ မေမေနဲ့ အဖိုး အခြေအတင်ပြောနေတဲ့ စကားတွေကို ကုန်စင်အောင် နားမလည်တတ်ခဲ့ပါဘူး!

ကျွန်တော် နားလည်မိသလောက် မေမေဟာ ဝိဉာဉ်တွေကို မကောင်းဆိုးဝါးတွေလို့ စွပ်စွဲ အော်ဟစ် ငိုယိုနေခဲ့တယ်!

မေမေဟာ ဖေဖေနာမည်ကို အကြိမ်ပေါင်းများစွာခေါ်ခဲ့တယ်!

ဖေဖေ့ကို မကောင်းဆိုးဝါးတွေက သတ်လိုက်တယ် လို့ချည်း တွင်တွင် ငြီးဆိုနေတယ်!

ဖိုးဖိုးက ခေါင်းတရမ်းရမ်းနဲ့ မေမေဟာ အထင်လွဲနေတာဖြစ်ကြောင်း ရှင်းပြပေမယ့် မေမေက ဖေဖေ့ရဲ့ ကားအက်ဆီးဒင့်ဟာ မကောင်းဆိုးရွားတွေရဲ့ လက်စားချေမှုလို့ တရားသေ စွပ်စွဲတယ်!

ကျွန်တော် နားမလည်ခဲ့ဖူး.....

ဖိုးဖိုးဆီလာ အကူအညီတောင်းကြတဲ့ ဝိဉာဉ်တွေဟာ မေမေထင်သလို မဆိုးသွမ်းဘူး လို့ ကျွန်တော်တွေးတယ်! အထူးသဖြင့် Mikage ဟာ မေမေထင်သလို မကောင်းဆိုးဝါးမဟုတ်ဖူး ဆိုတာ ကျွန်တော် အတတ်သိတယ်!

Follow by the Wind ~ [Unicode Version]Where stories live. Discover now