"ဒါဆို ဘာလို့ လက်ထပ်လို့မရတာလဲ?"

"ဒါက ......"

"မသိဘူး မသိဘူး Mikage က လက်မထပ်ဘူးဆိုတာ Mikage က ကျွန်တော်ကို မချစ်လို့ပဲ! အဟင့် ဟင့်"

ကျွန်တော် ဝမ်းနည်းတယ်! ကျွန်တော်ချစ်သလို Mikage ဟာ ကျွန်တော့်ကို မချစ်တဲ့ အတွက် ဝမ်းနည်းတယ်!

ကျွန်တော် မျက်ရည်တွေ တွင်တွင်ကျပြီး အသည်းအသန်ငိုမိသည်!

"Touji မငိုနဲ့! ငါမင်းကို လက်ထပ်မှာပေါ့"

Mikage က ကျွန်တော့်ကို အသာထွေးပွေ့ရင်းတိုးတိုးဆိုတယ်!

"အဟင့်..... တ....တကယ်"

"အင်း တကယ် ! "

"Ahahaha ဒါဆို ကျွန်တော် ဘယ်အရွယ်ရောက်ရင် Mikage ကို လက်ထပ်လို့ရမှာလည်း?"

ကျွန်တော် မျက်လုံးဝိုင်းဝိုင်းတွေနဲ့ မျက်ရည်တွေသုတ်ရင်း အားတက်သရောမေးလိုက်တယ်!

"အင်းးး....၁၈ နှစ်...၁၈နှစ်ပေါ့ Touji"

"၁၈နှစ်? ဒါဆို ....."

ကျွန်တော့်လက်တွေချိုးပြီး ရေတွက်ကြည့်လိုက်တယ်!

"ဒါဆို နောက် ၁၃ နှစ်နေရင် Mikage နဲ့ လက်ထပ်လို့ရပြီပေါ့ ! Wayyyyyyyyyyyy"

Mikage ပြုံးနေတယ် ! ကျွန်တော် Mikage လက်ကိုတင်းတင်းဆုတ်ထားတယ်! ကျွန်တော့် လက်ဖဝါးသေးသေးနဲ့ အတင်းဖိဆုတ်ထားတဲ့ Mikage လက်ဖဝါးကြည်ကြည်က ခါတိုင်းလို အေးစက်စက်ကလေးပဲ!

"Mikage ကျွန်တော် ၁၈ နှစ်မပြည့်မချင်း Mikage ကျွန်တော့်ကို စောင့်ရမယ်နော်! Mikage ကို ဘယ်သူ့ကိုမှ လက်ထပ်လို့မဖြစ်သလို ဘယ်ကိုမှလည်း ထွက်သွားလို့မရဘူးနော် ! ကတိနော်"

Mikage က ပြုံးနေတယ်! သူအပြုံးကြည်ကြည်လေးနဲ့ ခေါင်းငြိမ့်ပြရင်း ကျွန်တော့်ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးခဲ့တယ်!

" ဒါပေမယ့် ...... Mikage က ကတိတည်ခဲ့ပေမယ့် ကျွန်တော် ၁၈နှစ်တုန်းက Mikage ဆီ ရောက်မလာခဲ့နိုင်ဘူး "

ယခု လက်ရှိ Touji ပါးပြင်ပေါ်မှာ မျက်ရည်တွေရှိလေသည်!

မရည်ရွယ်ပဲ မေ့သွားခဲ့မိတဲ့ အတိတ်တခုက ချည်နှောင်မှု တစ်ခုဟာ တဖက်သားကို နာကျင်စေခဲ့မိပြီ.....

Follow by the Wind ~ [Unicode Version]Where stories live. Discover now