"အဟက် ....ဟားဟားဟား"

အံ့သြ လန့်ဖြန့်နေပုံရတဲ့ Mikage က ကျွန်တော်ကို သေချာစိုက်ကြည့်နေခဲ့ပြီးမှ အားပါးတရ ထရယ်တယ်!

ကျွန်တော်ကတော့ ကျွန်တော်ပြောလိုက်တာ ရယ်စရာဖြစ်သွားလို့လားလို့ မကျေမနပ်တွေးနေတယ်!

"ဘာလို့ရယ်တာလဲ Mikage"

ကျွန်တော်က ပါးနှစ်ဖက်ကို ဖောင်းထားရင်း မကျေမနပ်ပြောတော့ Mikage က ရယ်ရလွန်းလို့ သူ့ဗိုက်ကိုဖိထားရင်းက မျက်ရည်တွေ သုတ်နေတယ်!

"မင်းကို ဒီအကြောင်းတွေ ဘယ်သူပြောလိုက်တာလဲ ? နောက်ပြီး လက်ထပ်တယ်ဆိုတာ လူကြီးတွေ အလုပ်လေ ကလေးနဲ့မဆိုင်ဘူး"

"ဟွန့် .... ကလေးကလည်း တနေ့ကြီးလာမှာပဲကို"

"ဟားဟားဟား ဟုတ်ပါပြီ ဟုတ်ပါပြီ ဒါနဲ့ မင်းက ဘာလို့ ငါနဲ့ လက်ထပ်ချင်ရတာလဲ?"

Mikage က အပြုံးတခုနဲ့ ကလေးအတွေးကို ကြင်နာစွာမေးတယ်!

"ကျွန်တော် ဦးလေးFujisaki တို့အိမ်သွားတော့ ဦးလေးနဲ့ အန်တီနဲ့ မင်္ဂလာဆောင်တုန်းက ပုံကိုတွေ့တယ်! သူတို့ပြောပြတာတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြလို့ အမြဲ အတူရှိနေလို့ရအောင် လက်ထပ်ကြတာတဲ့! ကျွန်တော်လည်း Mikage ကို ချစ်တယ်လေ! ဒါကြောင့် အမြဲ အတူရှိလို့ရအောင် လက်ထပ်မယ်လို့"

Mikage ခဏတော့တိတ်ဆိတ်သွားတယ်! ပြီးတော့ သူအဝေးကို ငေးနေတယ်! ကြည့်ရတာ ကျွန်တော့်ကို ပြန်ဖြေဖို့ စကားတွေရှာနေတာ ထင်တယ်!

"ငါတို့ လက်ထပ်လို့မှ မရပဲ"

Mikage အဖြေက တိုးလျှလွန်းတယ်!

"ဘာလို့လဲ ဘာလို့မရတာလဲ? ကျွန်တော်က လူကြီးဖြစ်လာမှာပဲ ဒါဆို ရပြီပဲ ဘာလို့မရတာလဲ?"

"မဟုတ်သေးဘူးလေ Touji! မင်းက လူကြီးဖြစ်လာမယ်ဆိုပေမယ့်.....ငါတို့က...."

Mikage ဆက်မဖြေဘူး! ဘာလို့လဲဆိုတာ ကျွန်တော်သဘောမပေါက်ဖူး ! Mikage ဟာ ကျွန်တော့်ကို မချစ်လို့လည်း ဖြစ်နိုင်တယ်!

"Mikage က ကျွန်တော့်ကို မချစ်ဖူးလား?"

"ငါမင်းကို ချစ်ပါတယ်"

Follow by the Wind ~ [Unicode Version]Where stories live. Discover now